"ဟယ်လို Taemin
ကျွန်တော်ရောက်ပြီ"စားသောက်ဆိုင် တစ်ခုတည်နေရာကို
Taeminက ပို့လာသောကြောင့် သူ ထွက်လာခဲ့လိုက်သည်။သူ အရင်ရောက်နေပေမယ့်
Taeminကို မတွေ့ရသောကြောင့် ဖုန်းဆက်ကာ မေးမိသည်။"ကိုယ် မင်းနောက်မှာ "
Jimin နောက်လှည့်ကြည့်မိတော့ ဖုန်းပြောရင်း သူ့အား ကြည့်နေသော taeminကြောင့်
စိတ်ထဲ လန့်သွားတာတော့အမှန်။ပြုံးပြလိုက်ရင်း ဖုန်းပြောလက်စကို ချလိုက်သည်။taeminရဲ့ မျက်လုံးတွေက အေးချမ်းနေတယ်။သူတကယ် အတ္တနွံထဲက ရုန်းထွက်နိုင်ခဲ့ပြီပဲ။
ဝိုင်းတစ်ခုတွင် မျက်နှာချင်းဆိုင် ဝင်ထိုင်ကြရင်း taeminက menuကို သူ့ရှေ့သို့ အရင်ပေးလာသောကြောင့် jimin ကြိုက်သောစားစရာတစ်ချို့ကို မှာလိုက်ပြီး taeminဘက် ပေးလိုက်သည်။
စားစရာများကို စောင့်နေကြရင်း taeminဘက်က စကားစလာသည်။
"ကျေးဇူးပါ ကိုယ့်ကို လာတွေ့ပေးလို့။
မဟုတ်ရင် ကိုယ် ဒီနိုင်ငံက ထွက်သွားဖို့ အင်အားရှိမှာ မဟုတ်ဘူး ""ရပါတယ် "
စားစရာများ ရောက်လာသည်မို့ ပြောလက်စစကားများရပ်ကာ စားလိုက်ကြသည်။စားနေစဉ်အတွင်း Taemin မျက်နှာကို မျက်လွှာဝင့်ဝင့်ကြည့်မိတော့ ပုံမှန်သာ စားနေသည်မို့
သူလည်း စားစရာများကိုသာ အာရုံစိုက်လိုက်သည်။"Min အ့ဆို ကိုယ်တို့ သွားတော့မလား?"
စားသောက်ပြီးနောက် Taemin ဘက်က
ပြန်ရန် စကားစလာသောကြောင့် ခေါင်းငြိမ့်ပြကာ အပြင်သို့ထွက်လာကြသည်။"Min လာကြိုမှာလား?ကိုယ် လိုက်ပို့ရမလား?"
"ရပါတယ် ဂျွန့်ကို ဖုန်းဆက်ထားတယ်။
သူလာခေါ်မှာ ""အော် အင်းပါ ။အ့ဆို ကိုယ်သွားပြီ min
နောက်ဆုံးအနေနဲ့ နှုတ်ဆက်ခဲ့ပါတယ် "Jimin ရဲ့ ကိုယ်ငယ်လေးအား ထွေးပွေ့လာသည်မို့ မလှုပ်မယှက်ရပ်နေရာမှ အားပေးသည့်အနေဖြင့် ကျောပြင်လေးအား ပုတ်ပေးလိုက်သည်။
"ကျေးဇူးပါ Taemin"
"ကိုယ့်ကို ကျေးဇူး မတင်ပါနဲ့။
ကိုယ်လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါ"
YOU ARE READING
More Than Life
Fanfictionကိုယ့်ရဲ့ ပျက်စီးသွားတဲ့ ဘဝအကြောင်းကို ပြောပြဖို့ မင်းဆီကိုရောက်လာခဲ့တာ- မင်းရဲ့ ခေါင်းမာမှု၊ဝမ်းနည်းမှုတွေကြောင့် ဒီနေရာမှာပဲ အဆုံးသတ်မယ်- ဒီအချစ်ဇာတ်လမ်းကို အဆုံးသတ်ဖို့ ကိုယ်ပြန်လာခဲ့တာ-