အပိုင်း၃၆(Unicode)

187 4 3
                                    

"လွမ်း"

"...."

"လွမ်း"

"..."

"လွမ်း"

"ဟင်"

"ခင်ဗျားလေးက မောင်နဲ့အတူတူရှိနေတာကို ဘယ်တွေအတွေးလွန်နေတာလဲဟမ်"

သူရေချိုးခန်းကနေ ထွက်လာတော့ ကုတင်ပေါ်တွင် ထိုင်နေတဲ့ လွမ်းကို ခေါ်လိုက်ပေမဲ့လည်း အတွေးတွေလွင့်နေတဲ့သူကတော့ နက် သုံးခါမြောက်ခေါ်မှသာ လက်ရှိအခြေအနေကို ရောက်လာသောပုံစံကြောင့် နက် အင်္ကျီသွားမဝတ်သေးဘဲ ဘေးတွင်ထိုင်၍ မေးလိုက်မိလေ၏။

"ဘာမှမဟုတ်ပါဘူး Company Project တစ်ခုအကြောင်း စဥ်းစားမိလိုက်လို့"

"သေချာလို့လား မောင့်အချစ် အဆင်မပြေတာရှိရင် မောင်ကို ပြော လျှိုဝှက်မထားနဲ့"

*ငါ အမှန်တိုင်းပြောရင် မောင် ဆီက ပြန်ကြားရနိုင်တဲ့ စကားကို နားမထောင်နိုင်လို့ လိမ်ပါရစေမောင်*

"အင်းပါ ပြောပြပါ့မယ်"

ပြောပြပါမယ် ပြောလာတဲ့ လွမ်းက ခုတလောပိုင်းတွင် တစ်ခုခုကို အမြဲတွေးနေတတ်ပြီး စိတ်နဲ့လူ မကပ်သလိုဖြစ်နေပုံကို နက် သတိထားမိတာကြာနေပြီဖြစ်သည်။နက် ဘာဖြစ်နေတာလဲမေးရင်လည်း ဘာမှမဟုတ်ပါဘူး ပြောတတ်တဲ့သူကြောင့် နက်လည်း အတင်းအကြပ်မမေးချင်သလို လွမ်းကိုယ်တိုင် ဖွင့်ပြောတာကို လိုချင်မိသည်။သို့သော် လွမ်း ဖွင့်မပြောတဲ့အကြောင်းအရာတစ်ခုကြောင့် စိတ်ဆင်းရဲအတွေးလွန်နေတဲ့ပုံစံကိုတော့ နက် မကြိုက်ပေ။

"မောင့်အချစ်"

"အင်း မောင် ခုထိ အင်္ကျီသွားမဝတ်သေးဘူးလား"

"မာမီ!!!!"

ဘေးချင်းကပ်ထိုင်နေတဲ့ အနေအထားကနေ လွမ်းရဲ့ကိုယ်လုံးလေးကို ရုတ်တရက် ပွေ့ချီကာ ပေါင်ပေါ်ဆွဲယူပြီး သူ့ကို ကားယားခွထိုင်ခိုင်းတဲ့ မောင့်ကြောင့် လွမ်းခများ လန့်သွားရသည်။

"လွမ်း မောင့်ကိုကြည့်"

ဒီအခြေအနေကြီးက လွမ်းအတွက် မျက်နှာပူရသလို ရှက်တာကြောင့် ကြည့်ဖို့ပြောနေတဲ့ သူ့စကားကို လျစ်လျူရှုကာ ခေါင်းငုံ့နေမိလေ၏။

ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)Where stories live. Discover now