အပိုင်း ၉၆

2.8K 332 0
                                    

Unicode


သူမ စိတ်ကိုငြိမ်အောင်လုပ်ပြီးသည်နှင့် မျက်လုံးကိုမှိတ်ကာ အသက်ရှုနှုန်းကို ညှိလိုက်သည်။ နောက် သစ်သားစွမ်းအင်ကိုသုံးကာ သူမကိုယ်ပေါ်ကဒဏ်ရာကို ကုသလိုက်၏။

နှလုံးသားအောက်ခြေမှာ အနည်းငယ်တော့ နာနေသေးသည်။ ပြောရလျှင်တော့ နာတော့နာပေမဲ့ နာလည်း မနာသလိုပါပင်။

တပ်မဟာက ဂိတ်တိုင်းကိုဖြတ်သွားသည်။

သုံးရက်အကြာမှာတော့ သူတို့တွေ ယုံးမြို့တော်သို့ ရောက်ရှိကြချေလေပြီ။

ယုံးမြို့တော်က လူတွေက အိမ်တွေဆောက်သည့်နေရာမှာ အနက်ရင့်ရောင်ရှိသည့် မာကြောသည့်ကျောက်တုံးတွေကို အသုံးပြုကြသည်။ နေ့ဘက်မှာဆိုလျှင် ဘဝ၏ အကောင်းအဆိုးလောကဒဏ်ကိုခံစားရစေသကဲ့သို့ဖြစ်စေကာ ညမှာဆိုလျှင်တော့ ဖြူဖွေးသည့် လရောင်နှင့် ရောင်ပြန်ဟပ်မှုနှင့်အတူ ၎င်းက ဒဏ္ဍာရီလာသရဲမြို့တော်နှင့် အနည်းငယ်တူလှပေသည်။

ယုံးပြည်နယ်က လူတွေအကုန်လုံးက စစ်သည်တော်တွေချည်းပင်ဖြစ်သည်။ ထို့ကြောင့်ပင် မြို့တော်၏ လေထုက တခြားနေရာတွေနှင့် အတော်လေး ခြားနားလှပေသည်။

စစ်သူကြီးက သူမအား နန်းတွင်းသို့ တန်းပို့ပေးလေသည်။

သူက သူမအား မြင့်မားလှသည့်အစိမ်းရင့်ရောင်ဂိတ်တံခါးမကြီး၏ လှေကားအောက်မှာ ရပ်စောင့်နေဖို့ လိုက်ပါပို့ဆောင်ပေး၏။

စန်းယွမ်ယွမ်ကတော့ မျက်လွှာချကာ ​ကြမ်းခင်းပေါ်က ထောင်ထနေသောနွယ်ငုတ်စိတိုလေးတွေကို စိုက်ကြည့်နေလိုက်သည်။ထိုနွယ်ပင်လေးတွေဟာ အလွန်ဇွဲနပဲကြီးလှသည်။ဒုတ္တာပြာကြမ်းခင်းကြွေပြားအက်ကွဲကြောင်းတွေထဲကနေ နည်းနည်းချင်းစီ တိုးထွက်လာနေပေ၏။

အသက်ရှင်ဖို့ပဲ။ အသက်ဆက်ရှင်နေချင်ကြတာပဲကိုး။

မည်သို့ဆိုစေ အသက်ရှင်မှသာ လွတ်လမ်းကို ရှာနိုင်မည်ပင်။

ထိုအခိုက်မှာပင် ထိုထိုးထောင်နေသည့်နွယ်ပင်လေးတွေက သူမဘက်သို့ ဦးညွတ်ပြလာတာကို မြင်လိုက်ရလေသည်။

စန်းယွမ်ယွမ် : "........"

အမြင်မှားတာနေမှာပါ။ ဟုတ်တယ်မလား။

ချက်ချင်းဆိုသလိုပင် သေးငယ်ကာ အနည်းငယ်ဝါးနေသည့်အသံတစ်သံက သူမနားထဲ ရောက်လာချေ၏။

"ဝန်ကြီးချုပ်က စန်းဘုရင်နဲ့အိမ်ရှေ့စံ တစ်ယောက်ယောက်တော့သေရမယ်လို့ အမိန့်ပေးထားတာမဟုတ်လား။ အခု နှစ်ယောက်လုံးထွက်ပြေးသွားပြီ။ ဒါက အဓိကအစီအစဥ်ကို ပျက်စီးမသွားစေဘူးလား"

နောက်လူတစ်ယောက်က ဆိုလာပြန်သည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Tahanan ng mga kuwento. Tumuklas ngayon