အပိုင်း ၉၇

2.9K 350 0
                                    

Unicode

   
သူမမျက်ဝန်းထောင့်ကနေမှ တဆင့် စန်းယွမ်ယွမ်က သူတို့ဘေးက အစောင့်တွေကိုကြည့်ရင်း ဘာမျှ ထပ်မပြောလိုက်တော့ပေ။
   
သွမ်မင့်က ခြေလက်လေးဘက်ကို နှိမ့်ပေးကာ စန်းယွမ်ယွမ်အား သူ့ကျောပေါ်တက်ဖို့ ဟန်အမူအရာပြလာသည်။
   
အားကူ၏ နှုတ်ခမ်းထောင့်စွန်းတွေက သဘာဝမကျစွာ ပြန့်ကားသွားရင်း ဆိုလာ၏။

"စန်းမင်းသမီးက အရှင့်ရဲ့စစ်သားရဲနဲ့ တကယ့်ကိုရေစက်ပါတာပဲကိုး"
   
ထို့နောက် သားရဲနှစ်ကောင်က အတွင်းနန်းတော်သို့ ပြေးသွားကြလေသည်။
  
တော်ဝင်နန်းတော်ကလည်း မာကြောသည့်အပြာရင့်ရောင်ကျောက်တုံးများဖြင့် ဆောက်လုပ်ထားပြီး ယင်းက ပုံမှန်မဟုတ်သည့် မတည်မငြိမ်အတက်အကျတွေဖြစ်နေသယောင် ထင်ရလေသည်။
   
သွမ်မင့်က ခွာလေးဖက်ကို ကျယ်ကျယ်လှမ်းရင်း ဒုန်းစိုင်းပြေးသွားကာ မကြာမှီမှာပင် အားကူကို နောက်မှာ ချန်ထားခဲ့တော့သည်။
   
သူတို့တွေ အစောင့်အကြပ်ထူပြောသည့် နန်းတော်တံခါးအပြင်ဘက်ရောက်သည်နှင့် သွမ်မင့်က စိတ်ဆိုးသလိုခေါင်းကိုလှည့်လာကာ စန်းယွမ်ယွမ်ထံ မှုန်တေတေကြည့်လာသည်။ အဓိပ္ပါယ်က သူတို့တွေ ဝင်မရဘူး ဟူ၍ပင်။

အားကူက အမြန်အဆန်ရောက်လာကာ ဘေးနှစ်ဖက်က အစောင့်တွေအား ဂိတ်တံခါးဖွင့်ပေးဖို့ လက်ဟန်ပြလိုက်သည်။
   
အဝင်ပေါက်မှာ ခြေချလိုက်သည်နှင့် စန်းယွမ်ယွမ်မှာ လေထုက အလွန်အမင်းလေးလံနေတာကိုခံစားလိုက်ရသည်။ ယုံးအရိပ်ကိုယ်ရံတော် အကုန်လုံးကလည်း သည်မှာရှိနေကြ၏။ သူတို့ပုံက စိတ်တုန်လှုပ်နေကြပုံပေါ်ကာ တိုင်းတစ်ပါးရန်သူဝင်လာမှာကို စောင့်ကြပ်နေကြပုံပေါ်ပေမဲ့ အတွင်းနန်းဆောင်ထဲမှာ တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်နေကြသည့်ပုံလည်း ပေါ်နေလေသည်။ သူတို့က အမိုးပါစင်္ကြန်အောက်မှာ စုဝေးကာ ဟိုနေရာနှင့် သည်နေရာကို ခုန်ပျံကျော်လွှားနေကြပြီး အပြင်မဟာတံတိုင်းမှာရှိတုန်းကထက် ပိုပြီးတော့တောင် မျောက်တွေနှင့် တူနေကြလေသည်။
   
နန်းတော် တံခါးကြီးပိတ်သွားသည်နှင့် အားကူက စန်းယွမ်ယွမ်အား တည်ကြည်ကာ ရိုသေလေးစားသည့်အမူအရာတို့ဖြင့် ကြည့်လာသည်။
   
"အရှင်က သူမေ့မြောမသွားခင် စန်းမင်းသမီးကိုခေါ်လာပေးဖို့ အမိန့်ပေးထားတာဆိုမှတော့ အရှင်နဲ့အတူ အရှင်လတ်လတ်မြေမြုပ်ခံရဖို့လည်း ပြင်ဆင်ထားလိုက်ပါတော့"
   
(ဟိုတုန်းက ဘုရင်တချို့က သူတို့သေရင် သူတို့ချစ်တဲ့မိဖုရားတွေကိုပါ အတူသေခိုင်းကြတယ်။ သိပ်ချစ်လွန်းတာကြောင့်လည်း ဟုတ်သလို နောက်လူရမှာမလိုလားကြတဲ့ အတ္တတွေလည်း ပါတာပေါ့)

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Opowieści tętniące życiem. Odkryj je teraz