အပိုင်း ၉၈

3.7K 443 23
                                    

Unicode

   
ထိုမျောက်က နှုတ်ခမ်းကိုတင်းတင်းစေ့ရင်း ခေါင်းကိုအဝေးလွှဲကာ အိုးတို့အမ်းတမ်းဆိုလာ၏။

"မြန်မြန်လေး ဝင်ကြည့်လိုက်ပါ။ အချိန်ဆွဲနေရင် အသက်ရှိမနေမဲ့လူကို မြင်ရမှာ စိုးရိမ်ရပါရဲ့"
  
စန်းယွမ်ယွမ်က စကပ်အစွန်းကိုမ,ကာ အလျင်စလို ပြေးဝင်သွားလိုက်သည်။
   
"သူ ဘယ်လိုလုပ် ဒဏ်ရာ ရသွားတာလဲ"
   
ရှောင်ဝူက ပြန်ဖြေ၏။

"အဆိပ်ပြင်းတဲ့လက်ဝါးချက်ရယ် မြားတစ်ချောင်းကလည်း အပစ်ခံလိုက်ရတယ်လေ။ သူ့နှလုံးကို အနာတရဖြစ်သွားခဲ့တာ။ မေ့မြောနေတာ ၉ရက်လောက်ရှိပြီ"
   
စန်းယွမ်ယွမ် သူမကိုလာကယ်သည့်ထိုနေ့က သူ့မျက်နှာကို ပြန်တွေးကြည့်လိုက်သည်။
   
ဖြူလျော်လွန်းသည်။ ဖြူလျော်လွန်း၍ ထွင်းဖောက်မြင်ရမတက်ပင်။

သူအဆင်ပြေတယ်လို့ သူမဘယ်လိုတောင် တွေးမိရပါလိမ့်။ သူက ဟန်ဆောင်သိပ်ကောင်းနေခဲ့တာပဲကိုး။
   
ခန်းမတံခါးက ပွင့်လာကာ ဆေးနံ့နှင့်ရောနေသည့် ပြင်းထန်လှသည့်သွေးနံ့က ခန်းမထဲမယ် တစ်ရစ်ဝဲဝဲဖြစ်လို့နေ၏။
   
ရှောင်ဝူက ဦးဆောင်ကာ စန်းယွမ်ယွမ်အား အတွင်းခန်းဆောင်ထဲ ခေါ်သွားလေသည်။ ထို့နောက်မှာတော့ သူမသည် ကျယ်ဝန်းလှသော ကျောက်စိမ်းကုတင်ပေါ်မှာယုံးဝူမင့်တစ်ယောက် တိတ်ဆိတ်စွာလဲလျောင်းနေတာကို မြင်လိုက်ရလေသည်။ သူ့ရင်ဘတ်တစ်ဝက်က ပွင့်ဟနေကာ ဆေးဖက်ဝင်အပင်များထည့်ထားသည့် သန်စင်သောအဝတ်စဖြင့် ရစ်ပတ်ထုတ်ပိုးထားတာကို မြင်လိုက်ရ၏။
   
သွေးတို့ကတော့ ဆေးဖက်ဝင်အပင်များနှင့် သန့်စင်သောအဝတ်စကနေတဆင့် စိမ့်ထွက်လျက်သား။အနည်းငယ်တော့ ထိတ်လန့်ဖွယ်ရာ ကောင်းလှပေသည်။
   
"ခင်ဗျားတို့အရင် ပြန်ဆုတ်ကြ"

ရှောင်ဝူက လက်ကိုဝေ့ယမ်းလိုက်သည်။
   
မျက်ခုံးမွေးဖြူဖြူနှင့် သမားတော်အိုကြီးနှစ်ယောက်က တည်ငြိမ်သည့်မျက်နှာထားနှင့်အတူ အပြင်ခန်းမဆောင်သို့ ပြန်ဆုတ်သွားကြသည်။
   
"စာအုပ်ထဲမှာ ပြောထားတာတော့ မေ့မြောနေတဲ့လူနဲ့ ရင်းနှီးနီးစပ်တဲ့လူကသာ အဲ့လူကို နှိုးပေးနိုင်မှာတဲ့"

စစ်ပွဲအတွေ့အကြုံဝါရင့်နေပြီးသား ငယ်ရွယ်သည့်စစ်သူကြီးက နှာရှုံ့လိုက်ရင်း

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now