အပိုင်း၃၇(Zawgyi)

48 2 0
                                    

"ငါ့တို့ ကွာရှင်းကြရအောင်"

"ဘာ!!! ခင်ဗျား ပြန်ပြောစမ်း လွမ်းဟိန်းထက်မှူး"

သူ့ကို မယုံတဲ့သူနဲ့ လွမ်း ဒီထပ်ပိုပြီး ဆက်မပက်သတ်ချင်တော့ပေ။

"ကွာရှင်းကြရအောင်"

"အဟား ခင်ဗျားနဲ့ကျွန်တော် လက်ထပ်တာ ဘယ်လောက်ရှိသေးလို့လဲ အဲ့လောက်တောင် ဟိုအကောင်ဆီ သွားချင်နေတာလားဟမ်"

"ငါ့သိက္ခာကို စော်မကားနဲ့ ခွန်းသက္ကရာဇ်ဈာန် မင်းလိုမဟုတ်ဘူးကွ!!!"

"မင်းလိုမဟုတ်ဘူးပြောရအောင် ကျွန်တော်က ဘာလုပ်နေလို့လဲ ခင်ဗျားပြောစမ်း!!!"

နက် ပြောလိုက်တော့ အိပ်ရာခုတင်ပေါ်တွင်ရှိတဲ့ ဘေးက ခုံရဲ့အောက်ဆုံးအံဆွဲထဲကနေ တစ်ခုခုကို ထုတ်ယူလိုက်ပြီးနောက်....

"ရော့ မင်း ဘာလုပ်ထားလဲဆိုတာ ကြည့် "

ဆိုပြီး သူ့ကို ပစ်ပေးလာသော စက္ကူဖြင့်ပတ်ထားသော အထုတ်က နက် ရဲ့လက်ထဲမရောက်ဘဲ အောက်ပြုတ်ကျသွားသောအခါ ထိုစက္ကူထုတ်ထဲကနေ ထွက်လာသော ပုံတွေများစွာထဲက တစ်ပုံကို နက်ကြည့်လိုက်မိတော့ ရတနာဆိုင်သွားတုန်းက နွယ်ဒါလင်းပိုးနဲ့ နက် တို့ရဲ့ပုံတွေပင်။ဒါတွေက ဘယ်လိုဖြစ်လို့ လွမ်း ဆီရောက်နေရတာလဲ။ဒါအပြင် ပို့ထားတဲ့ ပုံတွေ ကြည့်လိုက်တော့ အထင်လွဲအောင် တမင်ရိုက်ထားသော ပုံတြွေဖစ်၏။

"လွမ်း"

"မခေါ်နဲ့ မင်း အဲ့တာအရင်ရှင်း ငါ့သိက္ခာကိုတော့ စော်ကားချင်တိုင်း စော်ကားနေပြီး မင်းကျတော့ မှန်နေလို့လား ခွန်းသက္ကရာဇ်ဈာန်!!!"

"အဲ့ပုံတွေ ကိစ္စရှင်း !!!"

"ငါခုတလော ဒီပုံတွေကြောင့် ဘယ်လောက်စိတ်ဆင်းရဲတွေးမိနေလဲဆိုတာ မင်းသိလား ခွန်းသက္ကရာဇ်ဈာန် မေးမိရင် မင်း ပါးစပ် ထွက်လာတဲ့ အဖြေကို မကြားရဲလို့ နားမထောင်ရဲလို့ ငါဒီအတိုင်း မေ့ပစ်ခဲ့တာဆိုတာ မင်းသိလား လူဆိုးကောင်ရဲ့"

မျက်ရည်တွေစီးကျစွာ အော်ဟစ်သောင်းကျန်းနေတဲ့ လွမ်းကို နက် ကြည့်နေရတာ ရင်ဘတ်တွေအောင့်လာသလို စောစောက ကမူးကရှိုးထွက်နေတဲ့ ဒေါသတွေကလည်း ဘယ်ဆီလွင့်ပြယ်သွားလဲမသိပေ။အမြဲတမ်း ဒီလူသားလေးက သူကြောင့်နဲ့ပဲ မျက်ရည်တြွေဖင့် ရင်းနှီးနေတာပင်။

ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)Where stories live. Discover now