Heart beat ( Unicode )

2K 80 7
                                    

ရင်ခုန်သံအစပျိုးရာ ဒေါနတောင်ခြေဆီသို့
_____________________________

နေ့ရက်တွေတိုင်းမှာ ချစ်ရသူနဲ့အတူဖြတ်သန်းခွင့်ရပြီး
မနက်ခင်းတွေတိုင်းမှာ အတူနိုးထခွင့်ရခြင်းက ပြီးပြည့်စုံတဲ့
နေ့ရက်တွေပါပဲ . . .

မျက်လုံးတွေမဖွင့်သေးပဲ ဘေးဖက်ဆီ စမ်းလိုက်တယ်
အနားမှာမရှိတော့တဲ့ လွတ်နေတဲ့ နေရာလေးကိုစမ်းမိလိုက်တာနဲ့ ချက်ချင်းအိပ်ယာကနေ ငုပ်တုတ်ထထိုင်လိုက်တယ် ။

"ကျစ် ! ဒီကောင့်မှာလည်း ရတနာသိုက်စောင့်တဲ့ ဘိုးဘိုး
ကြီး ဖြစ်တော့မယ် မိုးလင်းတာနဲ့ ရတနာသိုက်ကြီး
ပျောက်သလိုပဲ ၇ နာရီတောင်မထိုးသေးတာကို ဘယ်အချိန်
ကတည်းကအိပ်ယာကနေ ထ , ထသြားတယ္မသိဘူး "

တစ်ယောက်ထဲရေရွတ်ရင်း အခန်းထဲကသုတ်တိသုတ်ပြာ
ထွက်လာလိုက်တယ် ဒီအချိန်ဆို ဘုရားခန်းရောက်နေပြီနေမှာအိမ်ပေါ်ထပ်မှာ ဘုရားခန်းက သက်သက်တစ်ခန်းထားတာမို့ရောင်နိီ သွက်သွက်လျှောက်လာလိုက်တယ် ။

"သံဗုဒေ္ဓ အဌဝိသဉ္စ , ဒွါဒသဉ္စ ဿဟသာကေ
ပဉ္စသတ သဟာဿနိ , နမာမိ သိရသာမဟံ "

တွေ့ပါပြီ ဒီကောင့်အိမ်သား ကိုယ့်နှလုံးသား
ဘုရားခန်းထဲမှာ ဘုရားရှိခိုးနေတာ အေးချမ်းနေကော
ကိုယ့်မှာတော့မိုးလင်းရင် မျက်နှာလေးမြင်ချင်တာ

"သားငယ် ဘုရားခန်းအပေါက်ဝနား ဘာရပ်လုပ်နေတာတုန်း ညဝတ်ဝမ်းဆက်နဲ့ အခုထိမျက်နှာမသစ်ရသေးဘူးလား "

ဘုရားခန်းအပေါက်ဝနားလေးကနေ ဘုရားရှိခိုးနေတဲ့သူကို
ချောင်းနေပါတယ်ဆို မေမေကလည်း အနားရောက်လာပြီး
မေးနေပါပြီ သူခိုး လူမိတာ ကျနေတာပဲ ။

"အခုမှအိပ်ယာနိုးလာတာ မေမေ ,
စောကိုမတွေ့လို့ လိုက္လာတာ "

"ဖြစ်မှဖြစ်ရတယ် ရောင်နီသာရယ်
သားလေးက ဒီအချိန်ဆိုဘုရားရှိခိုးနေကျလေ မင်းနဲ့လည်း
ဒုက္ခပါပဲ မနက်တိုင်း အခုလိုချည်းပဲနော် ဘယ္ကိုမွ
ထွက်မပြေးပါဘူး တကတည်းဘုရားရှိခိုးတဲ့သူမဖြောအောင်"

"သူကဖြောင့်တယ်မေမေရေ ကျွန်တော်ကမဖြောင့်တာဗျ
မိုးလင်းရင် မျက်နှာလေးအရင်မြင်ချင်တာ ဘုရားခန်းကို
ပြေးပြေးလာရတယ် အခန်းထဲရောက်မှ ဆုံးမထားအုံးမယ် "

ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )حيث تعيش القصص. اكتشف الآن