အပိုင်း - ၉၄ { ရွှေမြို့တော်သို့ ဆန်တက်ခြင်း}( မြို့ထဲမှာ မူမမှန်မှုတွေ ရှိတယ် )
ဝမ်းလျိုနျဲန်မှာ အမြဲတစေ ခံတွင်းမြိန်နေတတ်သူမို့ သူ အစာငတ်ခံဆန္ဒပြနေကြောင်း ကြားသည်နှင့် လူတိုင်းလူတိုင်းမှာ ခေါင်းဆောင်ကျောက်နှင့် တစ်ခုခုပတ်သက်နေမည့်အကြောင်းရင်းဟု ဦးစွာတွေးမိကြပေ၏။
ကျိုးဒင်ထျဲန်းမှာ မိုးပေါ်သို့ပင် နှုတ်ခမ်းမွေး လွှင့်ပျံသွားတော့မတတ် ဒေါသထွက်နေ၏။
"ဘာဖြစ်ထားတာလဲ"
ကျောက်ယွဲ့လည်း မတတ်သာတော့ဘဲ ဖြေကြားလိုက်ရသည်။
"ကျွန်တော် သူ့ကို သကြားလုံးမကျွေးလို့ပါ"
ဒုန်း!!!!!
ကျိုးဒင်ထျဲန်းက စားပွဲအား စိတ်ဆိုးမာန်ဆိုး ရိုက်ချလိုက်၏။
"ရှောင်လျို့ကျီကို သကြားလုံးလေးတောင် ကျွေးဖော်မရဘူး၊ ဟုတ်စ!!!!!"
အခုတောင် ဒီလိုဖြစ်နေတာ ၊ လက်ထပ်ပြီးသွားရင်လည်း ဒီလိုထပ်ဖြစ်မှာပဲ။ ကျန်းနန်ကိုပဲ ပြန်ခေါ်သွားရတော့မယ်။
အရိပ်တပ်သားများကလည်း ကျောက်ယွဲ့အား ပယ်ပယ်နယ်နယ် အပြစ်တင်လာကြပြန်၏။ အမတ်မင်းက မြို့သူမြို့သားများအတွက် အလုပ်ကြိုးစားပြီး ပင်ပန်းနေကြောင်း၊ မိမိတို့သည်ပင် မကြည့်ရက်ကြောင်း၊ ယခုလိုအချိန်တွင် သကြားလုံးလေးတစ်လုံးစားခွင့်ပင် မရရှာကြောင်း၊ ယခုလို လုံးဝလုံးဝ မဖြစ်သင့်ကြောင်း ပြောဆိုလာကြ၏။
ဘေးနားရှိ လုကျွေးကမူ ခေါင်းတခါခါသာ လုပ်နေပေသည်။
ဖြေဆေး မရှိတော့ဘူး။ အနှေးနဲ့အမြန် အသတ်ခံရတော့မှာ။
ဟုန်ကျာလန်ကမူ စားပွဲပေါ်တွင် ရှိနေကာ ခေါင်းဆောင်ကျောက်အား ကရုဏာသက်စွာ ကြည့်လာ၏။
ဟွားထန်က ဆိုသည်။
"အချိုအများကြီးစားတာ ကျန်းမာရေးအတွက် မကောင်းပေမယ့် ဆေးရည်တွေက တကယ်ချဥ္ပြီးခါးတူးနေတာမို့ ဆေးသောက်ပြီးသွားရင် မြေပဲသကြားခဲလေးတွေ ေကျွးပေးလည်းရပါတယ်ရှင်"