2.unizg

3.1K 206 4
                                    

မင်းသည်သာ...🍁🍁🍁

...........အပိုင်း.(၂)...........

ဆည်းဆာရောင်ထုံလွှမ်းနေတဲ့..ညနေပိုင်းအချိန်တစ်ခု....ငှက်​လေးများသည်လည်း..အိမ်တန်းတတ်ချိန်ရောက်နေသည်မို့..အပြေးအလွှားနေရပ်ဆီကိုပြန်နေကြပြီလေ...လိမ္မော်ရောင်ဖြာကျနေသော နေကြာပန်းခင်းကြီးများသည်လည်း...ပျောက်ကွယ်ဖို့အားယူနေတဲ့..နေမင်းကြီးကို..နူတ်ဆက်သယောင်..ငေးကြည့်နေသည်...သဘာဝက သူ့အလုပ်ကိုလုပ်နေပေမဲ့...ထိုသဘာဝကိုဆန့်ကျင်တဲ့လူနှစ်ယောက်လည်းရှိနေလေတယ်..ထိုလူနှစ်ယောက်ကတော့..နေကြာပန်းခင်းကြီးရဲ့အလယ်နေရာမှာရှိနေတဲ့ အုတ်ဂူဖြူဖြူလေးကို..သန့်ရှင်းအောင်ပြုလုပ်ပြီး.အသင့်ပါလာတဲ့နေကြာပန်းစည်းလေးကို..ထိုအုတ်ဂူဖြူဖြူပေါ်မှာ..သာသာယာယာလေးတင်ပေးလိုက်တယ်..ထိုသူတွေကတော့အခြားသူမဟုတ်..အုတ်ဂူလေးထဲမှာ ထာဝရအိပ်ပျော်နေတဲ့...ဂျီယောင်းလေးရဲ့..ချစ်ရပါသောကိုကို.......။

"ဂျီလေး...ကိုကိုလာတယ်သိလား...ကိုကိုလေ...ဂျီလေးကြိုက်တဲ့နေကြာပန်းစည်းလေးယူလာတယ်သိလား...ဂျီလေးကောင်းတဲ့နေရာမှာရှိနေတယ်မလားဟင်..."

ထိုအမေးစကားကို..ဂျီယောင်းလေးကိုယ်စားဖြေပေးသည့်အလား...နေကြာပန်းလေးများက...လှုပ်ခတ်သွားကျလေသည်....။

"ကိုကိုလေ...ဂျီလေးကိုအရမ်းသတိရတယ်..ပြီးတော့.. ကျေးဇူးလည်းတင်တယ်သိလား...ဂျီလေးပေးခဲ့တဲ့..နှလုံးသား

ကြောင့်ကိုကိုခုလို...ဂျီလေးရှေ့ကိုရောက်လာနိုင်တာ...ကိုကိုကတိပေးတယ်သိလား...ဂျီလေးပေးတဲ့နှလုံးသား

နဲ့ကိုကိုအသက်အကြာကြီးရှည်အောင်နေပါ့မယ်နော်....အဟင့်"

ဂျီမင်း..စိတ်ကိုဘယ်လိုမှတင်းမထားနိုင်တော့ပဲ..ထယ့်ရင်ခွင်ထဲကိုတိုးဝင်ကာ..ကလေးတစ်ယောက်လို ရှိုက်ငိုနေမိတော့တယ်။

"ဂျီမင်းအရမ်းကြီးမငိုနဲ့နော်.နေမကောင်းပြန်ဖြစ်နေမယ်.."

"ဟင့်အင်း.. ထယ်..ငါလူကောင်းဖြစ်နေပြီမို့..လွတ်လွတ်လပ်လပ် ငိုခွင့်ပေးပါနော်..ငါခုလိုမှမငိုရရင်..ငါလေ ငါ.. ငါနေလို့ကောင်းမှာမဟုတ်ဘူး.."

မင်းသည်သာ.🍁🍁🍁Where stories live. Discover now