Unicode ver.....
33. ကျွန်တော် ရူးတော့မယ်
သခင်က သိသိရက်နဲ့ လုပ်ရက်တယ်။ သခင် လုပ်ရက်တယ်။ မတရားဘူး။ မတရားဘူး။
မတရားဘူးလို့တာ စိတ်ထဲကအကြိမ်ကြိမ်ပြောနေသလို အပြင်ဘက်မှာလဲ ကဆောင့်ကအောင့်နဲ့ ဂိုဏ်းရဲ့ဥယာဥ်ဘက် ထွက်သွားတဲ့ ရှောင်းဟာ သူ့နောက်ကို ဝမ်လိုက်လာတာကို မသိခဲ့ပေ။
ဝမ်လည်း ကဆောင့်ကအောင့်နဲ့ ထွက်သွားတဲ့ ရှောင်းရဲ့ နောက်ကို မသိမသာလေးနဲ့ အပြေးကလေးလိုက်ရင်း ချစ်ဖို့ကောင်းနေသူကို လိုက်ချောင်းနေလိုက်လေသည်။
ကျွန်တော့်ရဲ့ တန်ခိုးရှင်က ချစ်ဖို့ကောင်းလိုက်တာဗျာ ဟိဟိ။
~~~~~
မက်မွန်ပန်းကလေးတို့ရယ် ငါ့သခင်ကို ကူပြောပေးပါလား ငါ့ကို မှတ်မိကြောင်း ဝန်ခံပါတော့ ဆိုပြီးလေ။ တကယ္မညာကြေးဝန်ခံရရင်တော့ ငါ ငါ ရူးတော့မလိုကို နာကျင်နေရတယ်ကွ။ အနားမှာ နေရရင်ကို ကျေနပ်ပါပြီဆိုတာ တကယ်တော့ ငါညာပြောတာပါကွာ ငါချစ်နေကြောင်း သူမသိတာက လာပြည်ငရဲ ခံနေရသလိုပဲ ပူလောင်လွန်းတယ် မင်းသိလား။ မင်းသာ စွမ်းသာခဲ့ရင် ပြောပေးပါကွာ ငါသိပ်ချစ်တဲ့ ငါ့ကို သိပ်ချစ်တဲ့ ငါ့သခင်ကို ငါသိပ်လွမ်းနေပြီ မို့ပါ။
ကန်နဘေးမှာ ပေါက္နေတဲ့ မက်မွန်ပင်ဘေးမှာ ဆောက်ထားတဲ့ လသာဆောင်လက်ရမ်းမှာ ထိုင်ရင်း လက်ထဲက သေရည်ကိုမော့လိုက် ကန်ကို ငေးလိုက်နဲ့ ရှောင်းက လျံကျချင်နေတဲ့ မျက်ရည်ကို ကျဆင်းခွင့်ပြုလိုက်တော့ ဆည်ပေါက်သွားတဲ့ ရေလို အရိုန်အဟုန်နဲ့ သူ့ပါးပြင်ပေါ် ခုန်ပေါက္ဆင်းသွားလေသည်။
"သခင်ရက်စက်တယ်"
"သခင်က ပစ်ထားတယ်"
"သခင္က ဟင့် အင့်~~~"
ခန္ဓာကိုယ္တစ္ခုလုံး တုန်ခါသည်ထိ ငိုနေတဲ့ ရှောင်းက သူ့နောက်မှာ ဝမ်ရောက်နေတာကို မသိခဲ့ပေ။
ဝမ်တစ်ယောက္သည်လဲ ချစ်ဖို့ကောင်းတဲ့ ရှောင်းနောက်လိုက်ရင်း နောက်ဆုံးမှာ ပြိုလဲနေတဲ့ ရှောင်းပုံစံက ဆီးကြိုနေတာကြောင့် သူကိုယ္တိုင်တောင် မသိပဲ မျက်ရည်တွေ ကျဆင်းနေခဲ့လေသည်။
YOU ARE READING
Let me Cherish you, My Lord (ZSWW) [complete]
FanfictionPlease read this❗️ ဤ Fictionထဲ ပါသမျှ အကြောင္းအရာသည် စိတ်ကူးယဥ် သက်သက်သာ ဖြစ်သည္။ Romance လည်း ပါသလို Dramaလည်း ပါတာမို့ ဖတ်ချင်တယ်ဆိုမှ ဝင္ဖတ်ပါ။ Idolကိုခိုက်စေလိုစိတ် တစ်စုံတစ်ရာမရှိပေမဲ့ အကယ်လို့ မနှစ်သက္ရာ တစ်စုံတစ်ရာရှိသွားခဲ့ရင် ကျော်ခွသွားပေး...