"ဟူးးးးးးး"
ပြတင်းပေါက်တွင်ထိုင်ကာ ထိန်ထိန်သာနေသော လမင်းကြီးအားကြည့်ရင်း သက်ပြင်းတိုတွေရော သက်ပြင်းရှည်တွေရော ချနေတာ အကြိမ်ကြိမ်အခါခါ။ပင်ပန်းပါသည်။
ထိုကျောင်းတွင်တတ်ရသည်ကို ကံကောင်းလှပြီဟု ကိုယ့်ဟာကိုယ် တွေးထားခဲ့တာ။
တကယ်က ချောက်နက်နက်ကြီးထဲ စိတ်လိုလက်ရ ခုန်ချမိလိုက်သလိုပဲ။sam က ကျောင်းက အဆောင်မှာနေဖို့ပြောပေမဲ့ သူမနေချင်ပါ။
ကျောင်းတတ်ရအောင်လုပ်ထားပေးတာနဲ့တင် Sam ကျေးဇူးမှာ များလွန်းနေပြီ။ ထပ်အပူမကပ်ချင်တော့။
သူလည်း ကိုယ့်အားကိုယ် ကိုးနိုင်လောက်တဲ့အရွယ်တစ်ခုရောက်နေတာမို့။"အေး ဒါဆိုငါတို့ပြန်ပြီနော်"
TVရှေ့တွင်ပျင်းရိပျင်းတွဲထိုင်နေသော jiminအား တစ်ချက်လှမ်းအော်ကာ အိမ်ထဲမှထွက်လာခဲ့သည်။
အထဲက ကိုယ်တော်လေးကတော့ ဘာတစ်ခွန်းမှပြန်မပြော။jiminသည် မိဘနှင့်ကော မိဘအိမ်စောင့်နတ်နှင့်ရော ၂၄နာရီ ရန်ဖြစ်ထားကြရာ ငွေလိုသည့်အချိန်မှလွဲ၍ ကျန်အချိန်တွေ အိမ်သို့ ခြေဉီးတောင်မလှည့်။
ကွန်ဒိုတိုက်ခန်းသန့်သန့်လေးတစ်လုံးဝယ်ထားတာ ထိုကွန်ဒိုမှာပဲ အေးအေးလူလူနေသည်။
အခုလည်း သူတိုက်ခန်းသို့ hoseok တို့တစ်သိုက်လာကာ TV ကြည့် မုန့်လာစားသွားကြခြင်း။hoseokတို့ပြန်သွားပြီးခနကြာတော့ Jiminသည် သီချင်းလေးတစ်ပုဒ်ကို ခပ်တိုးတိုးထဖွင့်ထားလိုက်သည်။
🎼Oh this ground feels so heavier
I am singing by my self 🎼ခပ်တိုးတိုးသီချင်းသံလေးသည် အခန်းထဲတွင် ငြိမ့်ငြိမ့်ညောင်းညောင်း။
jimin သည် ဆိုဖာကိုမှီကာ ကြမ်းပြင်တွင် ထိုင်လျှက် ဘာမှမရှိသော TV Screen အား အသံတိတ်ငေးကြည့်နေမိသည်မှာ အချိန်အတော်ကြာ။
ခေါင်းထဲတွင် အတွေးပေါင်းစုံ ရှိနေပြီး အတွေးအများစု၏ သက်ဆိုင်ရာမှာ ထိုတစ်စုံတစ်ယောက်သာ။"Min Yoon Gi!! Min Yoon Gi!!"
Basketball club ထဲတွင် အသံတချို့သည် ကျယ်ကျယ်လောင်လောင်။
" ရေးးးး နိုင်ပြန်ပြီကွ "
"Min Yoon Gi ကတော့ Min Yoon Gi ပါဘဲ ဘယ်သူကမှလာယှဉ်လို့မရနိုင်ဘူး"
"အားး သူ Basketball ကစားတာက အရမ်းမိုက်တာပဲဟယ်"
ထိုခန်းမထဲရှိ စီနီယာ ဂျူနီယာ ကောင်မလေးများဆီမှထွက်လာသော စကားသံအချို့။