လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေးအပိုင်း(19)
အေးခဲနေတဲ့သူ့ရဲ့ပါးကနီနေပြီး သူမနှုတ်ခမ်းကိုပဲတချိန်လုံးစိုက်ကြည့်နေကာ လည်ဇလုတ်လေးက အထက်အောက်ရွေ့လျှားနေခဲ့တယ်
သူမလဲအာခေါင်ခြောက်လာလို့ နှုတ်ခမ်းကိုလျှာနဲ့သပ်လိုက်ကာ
"လက်ရာကောင်းသားပဲ "
အဲ့ခနမှာ သူ့အကြည့်က သူမမျက်ဝန်းဆီရောက်လာခဲ့တယ်
မှင်ရောင်လိုမဲမှောင်ခြင်းတွေက သူမကိုနဲနဲတော့ကြောက်လန့်စေပေမဲ့နောက်ဆုတ်လိုက်ဖို့ရာအတွေးကရှိမနေဘူး
သူမကလဲ သူ့မျက်ဝန်းတွေကိုစိုက်ကြည့်နေပြီး သူကလဲ သူမနှုတ်ခမ်းတွေဆီအကြည့်ပြန်ရွှေ့သွားခဲ့တယ်
အဲ့နောက်တော့ တဖြေးဖြေးနဲ့ သူမရှိရာကိုငုံ့ကိုင်းလို့လာတော့တယ်
သူမလဲ သူ့မျက်နှာရှောင်ဖို့လုပ်ရင်း အနောက်ကိုကိုင်းသွားလိုက်တော့ အရှိန်လွန်တော့မလို့ ဟန်ချက်ပျက်သွားစဉ်မှာ သူမစုပ်ယူမထားတဲ့အခြားလက်တဖက်က သူမခါးကိုဖမ်းလိုက်ကာ ရှေ့ကိုအားနဲ့ဆွဲယူလိုက်လေတယ်
သူမလဲသူ့ရင်ခွင်ထဲ မထင်မှတ်ပဲရောက်သွားတာကြောင့် ထိတ်လန့်သွားကာ သူ့ရင်ဘတ်ပေါ်လက်တင်မိလေတော့ အထဲက အားပြင်းတဲ့ရင်ခုန်သံကိုခံစားလိုက်ရလေတယ်
အရမ်းကိုပြင်းပြင်းထန်ထန်ခုန်လှုပ်နေတာပဲ
သူမ ကျေနပ်သွားတော့ နှုတ်ခမ်းလေးတွေလဲကော့ညွတ်သွားတယ်
ကောင်းမင်ထျန်းက အဲ့အမူအယာလေးကိုအသည်းယားသွားတာကြောင့် သူမနားရွက်နားကိုကပ်ကာ
"တွေ့လား မ ကြောင့် ကျွန်တော့ရင်ခုန်သံတွေ ဘယ်လိုဗရမ်းဗတာဖြစ်နေရလဲဆိုတာကိုလေ "
ခပ်ရှရှဩဩလေးနဲ့အသံတိမ်တိမ်လေးက သူမနားတလျောက်ဖြတ်စီးသွားပြီး သူနဲ့အလားတူတဲ့ရင်ခုန်သံမျိုးဖြစ်ပေါ်လာစေခဲ့တယ်
"မ ကျွန်တော် မ ကို နမ်းလို့ရလားဟင်"
အဲ့စကားကြားတော့ သူမတွေဝေသွားတယ် အဲ့လောက်မြန်မြန်ကြီး ခေါင်းငြိမ့်လိုက်ဖို့က မိန်းမဈေးနဲနဲကျတယ်လို့တော့ခံစားရတယ်

YOU ARE READING
(Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)
Fantasyသူမက ထက်မြက်ပြီးအချစ်ကိုနားမလည်တဲ့မိန်းကလေးတစ်ယောက် အချစ်ဆိုတာကိုသွေးသားဆန္ဒလို့ပဲနားလည်ထားတဲ့ကောင်မလေးရဲ့ဘဝထဲ ဖြူစင်တဲ့ကောင်လေးတစ်ယောက်ကမထင်မှတ်ပဲဝင်ရောက်လာခဲ့လေတယ် သူမအရင်ကသုံးခဲ့တဲ့နည်းလမ်းတွေက ဘာတခုမှအသုံးမဝင်ပဲ ဖြူစင်မူ့နဲ့ယက်လုပ်ထားတဲ့အချစ်ပ...