၂၈

552 62 5
                                    

ဒေါက် ဒေါက်~

"ငါဝင်လာပြီနော်"

ရှားယုအပြင်ကနေ တံခါးအသာခေါက်ပြီး အခန်းတံခါးကိုဖွင့်လိုက်သည်။ ထုံးစံအတိုင်း အခန်းရဲ့လေထုက ထူထည်းလှတဲ့ဆေးလိပ်ငွေ့တွေနဲ့ပြည့်နှက်နေ၏ ။ ရှားယုခေါင်းအသာယမ်းပြီး သက်ပြင်းချမိသည် ။

အနည်းငယ်သာဟ,နေတဲ့ ပြတင်းလိုက်ကာရဲ့အကွယ်မှာ ပက်လက်ကုလားထိုင်ချပြီး မှိန်းနေတဲ့လူအနားကို​ေလျှာက်သွားလိုက်ပြီး

"မင်းဒီလိုလုပ်နေမဲ့အစား သွားတွေ့လိုက်ပါတော့လား ။ တစ်ခါတစ်လေ မျက်နှာချင်းဆိုင်တွေ့လိုက်တာက ပြသနာတွေပြေလည်သွားနိုင်မဲ့နည်းလမ်းလည်းဖြစ်နေနိုင်တယ်"

ထိုအခါ ပက်လက်ကုလားထိုင်ပေါ်မှာမှိန်းနေတဲ့လူကလှုပ်ရှားလာပြီး ပြန်ချေပသည်။

"မင်းဝင်ပါစရာမလိုပါဘူး ။ အဲ့ဒါငါ့ကိစ်စ"

"သေချင်းဆိုး...စေတနာထားလို့ကိုမရတဲ့ကောင်"

ရှားယု ဆဲဆိုလိုက်ပြီး ကုလားထိုင်ဘေးက စားပွဲကိုပိတ်ကန်လိုက်သည်။ ကန်အားကြောင့် စားပွဲပေါ်တင်ထားတဲ့အရာဝတ္ထုတစ်ချို့ပါ လွင့်စင်ထွက်ကုန်၏။ ဖန်ခွက်တွေ ၊ အရက်ပုလင်းတစ်ချို့နဲ့ ဆေးလိပ် ။ လေးပင်တဲ့အရာဝတ္ထုတွေက လျှင်လျှင်မြန်မြန်ပဲအသံစုံပေးကာ ကြမ်းပြင်ပေါ်ပြုတ်ကျသွားပေမဲ့ ပေါ့ပါးတဲ့ဆေးလိပ်လေးတစ်လိပ်ကတော့သူ့ကိုထည့်ထားတဲ့ဘူးခွံထဲကနေလွင့်ထွက်ကာ လေပေါ်မှာအချိန်အနည်းငယ်ဝဲနေသေးသည်။

လည်ထွက်သွားသောဆေးလိပ်လေးသည် ကြမ်းပြင်ပေါ်ကျလုဆဲဆဲမှာပဲ လက်တစ်ဖက်ကအချိန်မှီဖမ်းယူသွားခဲ့၏။ အမှောင်ကိုအကာအကွယ်ယူထားသည့်လူသည် ပက်လက်ကုလားထိုင်ပေါ်ကနေ ထိုဆေးလိပ်လေးကို လေးလေးနက်နက်တစ်ချက်စိုက်ကြည့်လိုက်ပြီး သူ့ရဲ့အတွင်းဘက်အင်္ကျီအိပ်ကပ်ထဲခပ်ဖွဖွထည့်ထားလိုက်တော့သည်။

ရှားယု မဟူ့ရဲ့ ထိုအပြုအမူကိုမြင်သော်လည်း စကားဆက်ပြောချင်စိတ်မရှိတော့သဖြင့် တစ်ခြားအကြောင်းအရာဆီစကားလမ်းကြောင်းလွှဲလိုက်၏။

နိယာမ(Desire)    [ခေတ္တရပ်နား]Onde histórias criam vida. Descubra agora