🌻-(8)

538 44 8
                                    

"ထယ်ဟွန်း နဲ့ ကိုယ်နဲ့ ဘယ်သူ‌ပိုတော်လည်း"

"လူတွေရဲ့ အမြင်လား ကျွန်တော်အမြင်လား"

"မင်းရဲ့အမြင်ပဲသိချင်တယ် ကလေးရယ်"

"ကိုကိုပေါ့"

အကြိမ်တစ်ထောင်လောက်မေးရင်တောင် အဖြေကဒီတစ်ခုပဲရှိမှာပါကိုကိုမှာ အပြစ်အနာဆာတွေရှိရင်တောင် သူ့မျက်လုံးမှာ ပြီးပြည့်စုံဆုံးနဲ့ အတော်ဆုံးလူသားပဲ။

ခပ်ရေးရေးပြုံးလာသူဟာ စောင်ပါးတစ်ထည်ကိုဆွဲယူကာ Bin ရဲ့ကိုယ်ငယ်လေးအပေါ်တင်ပေးသည်။

"ကျွန်တော်လူမမာမဟုတ်ပါဘူး ကိုကို"

"ပင်လယ်လေကအေးတယ် ကိုယ့်ကလေးလေးဖျားပါအုန်းမယ် ..."

ပင်လယ်သွားချင်တယ်ဆိုပြီး ကလေးငယ်ကို မနက်အစောကြီးခေါ်လာတာ သနားတော့သနားမိတယ်။

"နာနေသေးလား "

"ကိုကိုကလည်း တစ်ချိန်လုံးမေးနေတာ နာနေသေးလား..နာနေသေးလားနဲ့ ကျွန်တော်ရှက်ပါတယ်ဆိုမှပဲ"

"ကိုယ်ကစိတ်ပူလို့ပါ Bin ရယ် လေယာဉ်ပေါ်မှာတုန်းက ကိုယ်ပူရှိနေသေးလို့လေ... ကိုယ်ကမင်းလို လူတစ်ယောက်ကို ဘယ်လိုဂရုစိုက်ရမလဲ မသိဘူး ကလေးရဲ့ ကိုယ်လည်းမင်းကို ဂရုစိုက်ပေးချင်လို့ပါ"

ရင်ထဲနွေးသွားအောင် Binကို ရင်ခွင်ထဲရောက်အောင်တစ်ကိုယ်လုံးဆွဲထည့်ကာ အနွေးဓာတ်ပေးသည်။
အရှက်သည်းသူလေးရဲ့ ပန်းနုရောင် ပါးမို့မို့ကို နမ်းတော့ ရရှိတဲ့သဘောအကျဆုံးနို့ပါမုန့်အနံ့သင်းသင်းကို ဟိုးသွေးကြောမျှင်တွေထဲထိရောက်အောင် ရှိုက်သွင်းသည်။

အလယ်တန်းလောက်က စမယ်ထင်တယ် Bin ရဲ့ပါးနုနုကို တစ်နေ့မှာတစ်ခါလောက်မနမ်းရရင် တစ်ခုခုလိုနေသလိုလို...ထိုင်မရ ထမရ ဘယ်သူ့မှသွားတိုင်လို့မရနဲ့ဖြစ်နေခဲ့ရတာ။
အဲ့အချိန်ကတည်းကစပြီး နှလုံးသားကအရောင်တွေချယ်ချင်ခဲ့တာဖြစ်မယ်။

မြင်မြင်ချင်းချစ်တာမျိုးတော့မဟုတ်ပင်မဲ့ မြင်ရင်းမြင်ရင်းနဲ့ မင်းကိုတဖြည်းဖြည်းချစ်လာခဲ့တာပါ။

Love in the Criminal {Completed}Donde viven las historias. Descúbrelo ahora