HER(Part-3)

2 0 0
                                    

မနက်ခင်း အလင်းရောင်လေးဟာဆိုရင်ဖြင့် လိုက်ကာနှစ်ခုကြားထဲကနေ အခန်းထဲသို့ ထိုးဖောက်ဝင်ရောက်လာပါတော့တယ်

အဲ့အချိန်......

"ဆိုယောင်း ထတော့ ကျောင်းနောက်ကျတော့မယ်"

"ဟမ် ဘယ်ချိန်ရှိနေပြီလဲ"

"မြန်မြန်လုပ်တော့ ကိုယ်အောက်မှာ စောင့်နေမယ်"

"အွန်း အွန်း"

နာရီဝက်အကြာ...

"သွားမယ် မြန်မြန်ကားပေါ်တက်"

"အွန်း"

"ရော့ ဒီမှာ ကော်ဖီနဲ့မုန့် ကျောင်းရောက်ရင် မစားဖြစ်မှာဆိုးလို့"

"ကျေးဇူးပါ ကောင်းကောင်းစားပါ့မယ်"

*မုန့်စားတဲ့နှုတ်ခမ်းလေးက ချစ်စရာလေး ဟမ် ငါဘာတွေတွေးနေတာလဲ*

"သေချာ ခါးပတ် ပတ်ထားနော် အမြန်မောင်းမှာဆိုတော့"

"အွန်း ရပီ မောင်းတော့"

ကျောင်းသို့ ဝှီးးးးးး🚗

"ဆိုယောင်းက ဘယ်အခန်းလဲ ကိုယ်က ကွန်ပျူတာမေဂျာဆိုတော့"

"အဲ့ဆို အခန်းအတူတူဘဲဆိုတော့ သွားကြမယ်လေ"

"အွန်း"

ကျောင်းခန်းအတွင်း...

"ကဲ စကားများလိုက်ကြတာ တော်လောက်ပြီ စာသင်တော့မယ် စာအုပ်ထုတ်ကြတော့"

ကလင်...ကလင်

"ဆိုယောင်း ကန်တင်းသွားမယ်လေ "

"အာ ခဏနေမှ လိုက်ခဲ့လိုက်တော့မယ် လက်စသတ်စရာလေး ကျန်သေးလို့"

"ကိုယ် စောင့်ပေးရဦးမလား"

"ရပါတယ် အရင်သွားနှင့်ပါ နောက်မှ လိုက်ခဲ့မယ်"

"အဲ့ဆိုတော့ ကိုယ်သွားတော့မယ်"

"အွန်း"

ခဏအကြာ...

"ဟေ့ အချောလေး ခင်လို့ရလား"

"ဟုတ် ရပါတယ် "

"ကိုယ့်နာမည်က ခရစ်ပါ ကိုယ်က မြင်မြင်ချင်း မင်းကိုစိတ်ဝင်စားလို့ အဲ့တာ ကိုယ့်ကိုစဉ်းစားပေးပါလား"

HER(GL)Where stories live. Discover now