အခန်း ၁၆၄

983 113 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ်  ၁၁။ အခန်း ၁၆၄ တုတ်ချောင်းနဲ့ပင်လယ်

“နွေဦးပေါက်ခါနီးအချိန်လောက်ဖြစ်မယ်။ အဲဒီတုန်းက အဖေက ဘုရင်ဘွဲ့ အပ်နှင်းခြင်း မခံရသေးဘူး။ ရာထူးတာဝန်တွေ ထမ်းဆောင်ဖို့ အမိန့်ထုတ်ခံရတယ်။ အဲဒီတုန်းက ငယ်ငယ်ရွယ်ရွယ်နဲ့ အဖုအထစ်တွေရှိခဲ့တယ်။ ငါ အာကေရှား ဂိုဏ်းမှာ ရက်အတော်ကြာ နေခဲ့ပြီးတော့ မိန်းမတစ်ယောက်နဲ့ တွေ့ခဲ့တယ်။"

“ငါက မြှာပွေသူတစ်ယောက်ဖြစ်ပြီး အမျိုးသမီးတစ်ယောက်ရဲ့ သွေးဆောင်မှုကို မခုခံနိုင်ခဲ့ဘူး။

“နောက်တော့ သမီးလေးမွေးရင် လင်းမိသားစုကို မွေးစားဖို့ လွှတ်လိုက်မယ်လို့ ကျိန်ဆိုခိုင်းခဲ့တယ်။ ဒါ့အပြင် သမီးကို ပြန်ခေါ်ပြီး လင်းမိသားစုနဲ့ စေ့စပ်ထားတာကိုလည်း ဖျက်သိမ်းဖို့ လုပ်ရမယ်လို့လဲပြောတယ်။"

"ဘာ..."

ကျီဝူရှား၏အမူအရာသည် မိုးကြိုးထိမှန်သွားသလို ပြောင်းလဲသွားသည်။

သူမနှင့် လင်းဖေးတို့ကြားတွင် ရှေးကပင် သတ်မှတ်ထားခဲ့သည်ကို သူမ မမျှော်လင့်ခဲ့ပေ။

"အဖေ၊ အဲဒီအချိန်က ဘုရင်အဆင့် ကျွမ်းကျင်သူ မဟုတ်သေးရင်တောင် အဖေ့ရဲ့ ကျင့်ကြံမှုအရ  ခြိမ်းခြောက်ခံရမှာ မဟုတ်ဘူးမလား၊ အဲဒါပြီးရင် ဧကရာဇ်မိသားစုကို အကြောင်းကြားလို့ရတယ် မဟုတ်ဘူးလား၊ ဧကရာဇ်မိသားစုက ဒီအကြောင်းမသိဘူးလား။"

ဘုရင်ကျီနျဉ်သည် ခေါင်းခါယမ်းကာ သူ၏မျက်နှာသည်  နွမ်းနယ်သောအမူအရာတစ်ခုကို ပေါ်လွင်စေသည်။

"ဒါက အသုံးမဝင်ဘူး။ တဖက်သူရဲ့ အင်အားက အားကောင်းလွန်းတယ်။ ဧကရာဇ်မိသားစုကတောင် သူ့ကို ဘာမှ မလုပ်နိုင်ဘူး။ အဲဒီတုန်းက သူက ဧကရာဇ်အဆင့်ကျွမ်းကျင်သူဖြစ်နေပြီ။"

"ဘုရားသခင်..."

  ကျီဝူရှား၏ အမူအရာမှာ ပို၍ပင် တုန်လှုပ်သွားသည် ။

တဖက်သူသည် အမှန်တကယ်ပင် ဧကရာဇ်အဆင့် ကျွမ်းကျင်သူဖြစ်သည်။

ဧကရာဇ်အဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်သည် ဤအရာအားလုံး၏နောက်ကွယ်တွင် ရှိနေသလား။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးDonde viven las historias. Descúbrelo ahora