အပိုင်း ၁၉
"ဟော ငါတို့ရဲ့မယားကြောက်ကြီးလာပါပြီ"
သူငယ်ချင်းတွေက တည်တံ့ကိုမြင်တာနဲ့စလေတော့သည်။
"မင်းတို့ကလဲကွာ.. ဘာမယားကြောက်လဲ "
တည်တံ့ ထိုငျခုှံာထိုငျလိုကျရငျး ရေခွက်ကို ယူကာ မော့သောက်လိုက်လေသည်။
"မင်း ဘယ်နေ့ကလောပြန်မှာလဲ ကျော်ဇင်"
"လိုပါသေးတယ် ငါရန်ကုန်မရောက်တကြာတော့ ဒီမှာ
၅ရက်လောက်နေအုန်းမှာ ""အဲ့တာဆိုလဲ နောက်နေ့ကျမှဆုံမယ်လေ ငါ ဒကာခံမယ်"
တည်တံ့ ထိုသို့ဆိုကာ မတ်တပ်ထရပ်စဥ်
"မင်းကလဲ ဘယ်လိုဖြစ်နေတာတုန်း ထိုင်စမ်းပါကွာ ထိုင်"
ဇေရဲက အတင်းပြန်ဆွဲကာ ထိုင်စေလေသည်။
"ဟာ ဒီကောင် တော်တော်ကိုဖြစ်နေလိုက်တာ"
"ငါ့မိန်းမသိပ်နေမကောင်းလို့ပါကွာ မင်းတို့ကလဲ"
"ဟုတ်ပါပြီကွာ ငါတို့လဲအကြာကြီးမနေပါဘူး တစ်Sectionလောက်ဘဲ ကဲရအောင်"
"တစ်Sectionဘဲနော် သီချင်းဘဲဆို ဘာဘာညာညာတွေပါမလာနဲ့"
"တစ်ယောက်လောက်ပေါ့ကွာ"
KTVရောက်တိုင်း ဇေရဲက ကောင်မလေးတွေခေါ်တတ်လေသည်။ အဲ့အကျင့်က ကျောင်းသားဘဝ ကေသီနဲ့ကြိုက်ကတည်းကနေအခုချိန်ထိ မပျောက်သေးပေ။
အဲ့လိုနဲ့ သူငယ်ချင်းတွေ ကာရာအိုကေမှာကဲကြလေတာ ညဥ့်နက်မှအိမ်ပြန်ရောက်လေသည်။
"ဦးတည် "
ဒယိမ်းဒယိုင်နဲ့လမ်းလျှောက်လာတဲ့သူကို မေဇူးဘေးကနေ တွဲလိုက်လေသည်။
"ဦးတည်ရယ် ဘယ်လောက်တောင်သောက်တာလဲ"
"နည်းနည်းလေးပါ... ပိစိလေး"
"အဝတ်စားလဲရအောင်နော် ဦးတည်အကျီမှာ ဘီယာနံ့တွေချည်းဘဲ မေဇူးလဲပေးမယ် "
ထိုသို့ဆိုကာ မေဇူး တည်တံ့ကို ကုတင်ပေါ်ထိုင်စေပြီး သူမကသူ့ရှေ့မှာရပ်ကာ အကျီကြယ်သီးတွေကို ဖြုတ်ပေးနေလေသည်။
YOU ARE READING
မိုးကောင်းကင်ကို တိုင်တည်၍ ချစ်ခဲ့သည် (completed)
Romance10နှစ်ကျော်ကွာတဲ့ ဆရာနဲ့တပည့်လေး အချစ်ဇာတ်လမ်းလေးပါ