With you forever ( Zawgyi )

603 16 0
                                    

ထာဝရမင်းနှင့်အတူ
________________

"သားတို့နှစ်ယောက်အတွက် မင်္ဂလာဦးလက်ဖွဲ့
ဒီခြံလေးက အဖေဝယ်ထားတာကြာပြီ
( သစ္စာလမ်း ) ကနေ ( မေတ္တာလမ်း ) ထိ ကျောချင်းကပ်
နှစ်ခြံတွဲ မျက်နှာသာ ပေ ၅၀ အရှည် ပေ ၁၀၀ ရှိတယ်
သားတို့နေသည်ဖြစ်စေ မနေသည်ဖြစ်စေ မင်္ဂလာဦး
လက်ဖွဲ့ပေးချင်လို့ပါ သားအလတ်တုန်းကလည်း သူလက်ရှိ
နေတဲ့ခြံကို အဖေ မင်္ဂလာဦးလက်ဖွဲ့ဝယ်ပေးတယ်
သမီးကြီးကတော့ မိဘတွေနဲ့အတူနေတဲ့သူဆိုတော့
အဖေတို့မရှိတော့ရင် ဒီဝိုင်းလေး သမီးကြီးအပိုင်ပေါ့ "

ဦးစောသာအေးက စာချုပ်လေးကိုကမ်းရင်းဆိုလေတယ် ။

"သားအတွက်က မလိုပါဘူး , ဖေကြီး မေကြီးတို့က
ပညာအမွေပေးထားပြီးပြီပဲ ရပ်တည်နိုင်ဖို့ကြိုးစားပါ့မယ် "

"သားသမီး ၃ ယောက်ရှိတာ အတူတူပေါ့သားလေး
ပညာအမွေဆိုတာလည်း အားလုံးကိုပေးခဲ့တာပဲလေ
ယူချင်တဲ့သူက ပိုရတာပဲကွာသွားတာပါ မိဘဝတ်ထဲမှာ
မွေခံထိုက်စေ ဆိုတာပါပြီးသား နောင်တစ်တချိန်မိဘတွေ
မရှိရင်လည်း ကျန်ခဲ့တာ သားသမီးတွေညီတူညီမျှပဲ "

"ကဲ ! ဖေဖေလည်း မိသားစုတွေရှေ့မှာတစ်ခါထဲပြောမယ်
သားတို့အမြဲတမ်းဘယ်မှာနေချင်ကျတယ်ဆိုတာကို
သေချာတိုင်ပင်ကြ ရန်ကုန်မှာနေမယ်ဆိုလည်း လက်ရှိ
ဖေဖေတို့နဲ့မှမဟုတ်ဘူး သာတို့အိမ်ခွဲနေချင်တယ်ဆိုလည်း
ဖေဖေတို့က စီစဉ်ပေးဖို့ သားတို့မေမေနဲ့တိုင်ပင်ထားပြီးသား ဘယ်မှာအခြေချချင်တယ်ဆိုတာကိုသေချာတိုင်ပင်ကြ "

ဦးမြတ်သာ ဝင်ပြောလေသည်မို့ စကားဝိုင်းကမိသားစု
တွေမျက်နှာစုံညီစွာ တိုင်ပင်ဖို့ဖြစ်လာကျလေပြီ ။

"အကို "

"စော ပျော်ရာအရပ်မှာနေ
ကိုယ်က စော ရှိရာ အရပ်မှာနေမယ် "

အကိုခေါ်တာနှင့် အဓိပ္ပာယ်ဖွင့်ဆိုတတ်ပြီးသားမို့
ကိုယ့်နှလုံးသား ဆန္ဒအတိုင်းပါဆိုတာကို အတိအလင်း
ပြောပေးမိသည် တစ်ကယ်လည်းအခုချိန်ထိ အလုပ်လုပ်ဖို့
တိုင်ပင်အုံးမယ်ဆိုတဲ့အထဲမှာ ဒီကိစ္စလည်းအဓိကပင်
အေးအေးချမ်းချမ်းနေချင်သည့် စော က ရန်ကုန်မှာ
အခြေတကျနေနိုင်မှာမဟုတ်ဘူးဆိုတာ ကိုယ်သိပြီးသားပါ ။

ကိုယ့်နှလုံးသားတည်နေရာ စော ရှိရာ ( Completed )Место, где живут истории. Откройте их для себя