Story 16

2.2K 124 14
                                    

Unicode
................

''ကဲ... ကလေးတို့ရေ.. ဒီနေ့သူငယ်ချင်းအသစ်လေးတွေ ထပ်ရောက်လာပါတယ်နော်။ သားသားလေး မိတ်ဆက်လိုက်ပါဦး''

''ဟုတ်... မင်္ဂလာပါဂျ.. ညဥ့်ရိပ်မာန်လို့ခေါ်ပါတယ်။ အသက်က ၅နှစ်။''

ဟု လက်ငါးချောင်းထောင်ကာ မိတ်ဆက်လာသည်။ တခြားကလေးတွေကလည်း သူ့ကိုဂရုတစိုက်နဲ့ နားထောင်နေကြသည်။ ထိုချိန် ဆရာမတစ်ယောက်ဝင်လာပီး ကလေးနောက်တစ်ယောက်ကို လက်လေးတွဲထားသေးသည်။ ထိုဆရာမက ကလေးအား အတန်းပိုင်ဆရာမဆိုသူထံ အပ်ပီး ပြန်ထွက်သွားသည်။

''ကဲ နောက်ထပ် သူငယ်ချင်းတစ်ယောက် ထပ်ရောက်လာပါပီ။ သားငယ်လေးလည်း မိတ်ဆက်လိုက်ပါဦး''

ထိုကလေးက မိတ်မဆက်သေးပဲ ရိပ်ရိပ်ကိုသေချာစွာ စိုက်ကြည့်လာသည်။ ရိပ်ရိပ်ကလည်း သူ့အားပြန်ကြည့်လာသည်။ သူတို့နှစ်ယောက်က ရုပ်ချင်းအတော်ကိုတူနေပီး မျက်ဝန်းအရောင်ကလည်း ဆင်တူဖြစ်လို့နေသည်။ အယ်...မတူတာဆိုလို့ ဆံပင်လေးသာကွာသည်။ ညဥ့်ရိပ်မာန်က အနည်းငယ်ကောက်ကွေးသော ဆံနွယ်တို့ကိုပိုင်ဆိုင်ထားပီး ညဥ့်ဦးရိပ်မာန်လေးကတော့ ဖြောင့်စင်းသော ဆံနွယ်ဖြင့်ပင်။

ဆရာမကိုယ်တိုင်ပင် အံ့သြနေပီး တခြားသောကလေးများကလည်း စ်ိတ်ဝင်တစားကြည့်လို့နေသည်။ ထိုမူကြိုလေးတွင် အမြွှာကျောင်းသားများ မရှိတာကြောင့်လည်းပါမည်။

'' အိုး... သားငယ်တို့နှစ်ယောက်က အမြွှာလေးတွေလား''

''ဆရာမ... အမြွှာဆိုတာ ဘာလဲဟင်။ သူကဘာလို့ ရိပ်ရိပ်နဲ့ လာတူနေတာလဲ''

''အယ်... ကလေးတို့က မသိကြဘူးလား''

''သိဘူးဂျ... မင်းကဘာလို့ ငါနဲ့တူနေရတာလဲ''

ရိပ်ရိပ်က ရှေ့သို့တိုးလာပီး ထိုကလေးရဲ့မျက်နှာလေးကို ထိလိုက်သည်။ ထိုကလေးကလည်း သူ့ပါးကိုလာထိသည့် သူကြောင့် ကြောက်သွားကာစတင်ငိုတော့သည်။

''အဟင့်.... အူးဝါး....''

'' အာ... သားငယ်... ဘာလို့ငိုရတာလဲ။''

ဆရာမကချော့ရန်ပြင်နေချိန်မှာ ဆရာကြီးသဖွယ်လုပ်ချင်သည့် ရိပ်ရိပ်က အရင်ဦးစွာ ချော့မြူတော့သည်။

နှစ်မြွှာအချစ် (Twins' Love) နှစ်မြွှာအချစ် CompletedМесто, где живут истории. Откройте их для себя