"ဟင့်"
"Baby ဘာလို့လဲ "
ရင်ခွင်ထဲက လူးလွန့်ပြီး ဟင့် ကနဲ့ ထွက်လာတဲ့ အချစ်ကလေးကြောင့် သတိနဲ့အိပ်တဲ့ နက် အိပ်ပျော်နေတာကနေ ချက်ချင်းထထိုင်မေးမိလိုက်တော့။
"ဟင့် မောင်"
"အင်း မောင်ရှိတယ်နော် ဘာလိုချင်လို့လဲ ဗိုက်ဆာလို့လား "
ဗိုက်ဆာလို့လား မေးမိတော့ ခေါင်းငြိမ့်ပြလာတဲ့ သူ့လေးကြောင့် ။
"ဒါဆို အိမ်အောက်ကို မောင်ပွေ့ချီသွားရမလား ဒီအပေါ်ထပ်ကိုပဲ ပြင်ဆင်ယူပေးရမလား"
"မောင် ချီ"
"ဟုတ်ပါပြီဗျ"
အသံအက်အက်လေးဖြင့် ပြောနေတဲ့ကလေးငယ် ခန္ဓာကိုယ့်လေးကို ကောက်ပွေ့၍ ခြေထောက်တွေကိုတော့ သူ့ခါးတွင် ချိတ်စေလိုက်ကာ အိမ်အောက်ရောက်ရင် ခုံပေါ် Baby ထိုင်ရတာအဆင်ပြေဖို့အတွက် နူးညံ့တဲ့ထိုင်ခင်းလေးကို အဝတ်လဲခန်း ခန ဝင်ယူကာ နက် အိမ်အောက်သို့ဆင်းလာခဲ့သည်။အိမ်အောက်ရောက်တော့ မနက် 1နာရီကျော်လောက်ပဲရှိနေတာကြောင့် နက်တို့၂ယောက်ကလွဲလို့ ကျန်တဲ့သူတွေအကုန် အိပ်မောကျနေလေ၏။
"Baby အစာမာစားလို့မရသေးဘူးနော် မောင် ဆန်ပြုတ်လေးပဲ လုပ်ပေးမယ် "
နက် ပြောရင်း ခုံပေါ်တွင် Baby ထိုင်ဖို့အတွက် ယူလာတဲ့အခင်းလေးကို ခင်းပြီးတော့ Babyကိုချမယ်အလုပ် လည်ပင်းကို ချိတ်ထားတဲ့လက်လေးတွေက ဖြုတ်မပေးတဲ့သူ့လေးကြောင့်။
"မထိုင်ချင်ဘူးလား"
သူ့ပခုံးပေါ်မှောက်ရက်လေးထားတဲ့ခေါင်းလေးက ဟုတ်ကြောင်း ခေါင်းညိမ့်ပြလာလေရဲ့။
"မောင့်လွမ်း သဘောအတိုင်းနော် "
ခုံပေါ်မထိုင်ဘဲ သူ့ကိုယ်ပေါ်နေချင်တဲ့ကလေးငယ်ကို မထိုင်ခိုင်းတော့ဘဲ သူ့သာပွေ့ချီထားလိုက်သည်။
"အဲ့ဆို Baby သေချာ မောင့်လည်တိုင်ကို ဖတ်ထားနော် မောင် Babyစားဖို့ ပြင်ဆင်မလို့"
နက် အဲ့လိုပြောလိုက်ပေမယ့် ကလေးငယ်ပြုတ်ကျမှကို စိုးရိမ်တာကြောင့် လက်တစ်ဖက်ဖြင့် ကလေးငယ် ကိုယ့်လေးကို ထိန်းထားပြီး ကျန်လက်တစ်ဖက်ဖြင့်သာ ရအောင် လုပ်နေမိသည်။
YOU ARE READING
ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)
Romanceခွန်းသက္ကရာဇ်စျာန်(ခ)နက် လွမ်းဟိန်းထက်မှူး Started date-19.10.2022 Finished date-10.2.2023