1

3.7K 228 16
                                    

Unicode

နီရင့်ရင့် ဆိုဖာပေါ်မှာ ခပ်လှလှ ကောင်မလေးကို ရင်ခွင်ထဲထည့်ထားပြီး ဆေးလိပ်သောက်နေတဲ့သူ ။

မောင်..သူ့ကို ထပ်လုပ်ပြန်ပြီ ။

ထိုလူနှစ်ယောက်နား နီးလာလေလေ
ရေမွှေးနံ့တွေနဲ့ ရောနှောနေတဲ့ အရက်နံ့တွေ။
နှစ်ယောက်လုံးကို စူးရဲအောင် စိုက်ကြည့်
လိုက်သည် ။

ကောင်မလေးကတော့ အရက်အရှိန်ကြောင့်
သတိမကပ်သလို ခပ်မှိန်းမှိန်းဖြင့်
မောင့်ရင်ဘတ်ကို မှီထားသည် ။
ဆေးလိပ်သောက်နေတဲ့သူကလည်း
အသောက်မပျက်..သူ့ကို ရှိတယ်ပင်မထင် ။

မီးဟုန်းဟုန်းတောက်လုလု ဒေါသဖြင့်
မောင့်လက်ထဲက မီးရဲရဲ ဆေးလိပ်ကို
လုယူလိုက်ပြီး မောင့်ရင်ဘတ်ပေါ်က
မိန်းမရဲ့ မျက်နှာပေါ်မှာ မီးသတ်လိုက်သည်။

ခပ်စူးစူး အော်သံက ကျက်သရေမရှိစွာ
ထွက်ပေါ်လာသည် ။
" မင်း ထွက်သွားစမ်း !! "
ငိုယိုကာဖြင့် ကောင်မလေးက ပြေးထွက်
သွားသည် ။

" မင်း အမြဲ ဖျက်လိုဖျက်စီး ! "
ဒေါသက မပြေသေးတဲ့အပြင် မောင့်စကားက
သူ့ဒေါသကို အရှိန်ပိုမြှင့်ပေးလိုက်သလို ။

ခပ်ဟဟ ဝတ်ထားသည့် Shirtကော်လံကို
ဆောင့်ဆွဲကာ သူ့မျက်နှာနားထိ မ,လိုက်သည်။

" နောက်ထပ် ဘယ်မိန်းမနဲ့ မတွေ့ချင်ဘူးလို့
ကျုပ်ပြောထားတယ်လေ!! ..ဘာလဲ..
အရေးမစိုက်တာလား မောင်က "

" ငါ မင်းကို စိတ်ကုန်နေပြီ JeonJungKook
အဲ့တာကို မင်းနားလည်အောင် ငါဘယ်နခါ
ပြောနေရမှာလဲ "

" ကုန်စမ်းပါ!! တစ်စက်ကလေးမှကို
​ေ-ာက်ဂရုမစိုက်တာမို့..ကျုပ်ကို ပြီးပြတ်လို့
ရမယ် မထင်နဲ့ "

" မင်းက ​ေ-ာက်ရူးပဲ..တော်ပြီ
ငါ နားချင်ပြီ "

သူ့လက်တွေကို ဆောင့်ရုန်းပြီး မောင်က
အခန်းထဲကို ဝင်သွားသည် ။
" ချစ်လို့ပါ မောင်ရယ်..ချစ်လွန်းလို့ပါ "

အခန်းထဲကို လိုက်ဝင်တော့ မောင်က
ရဲရဲတောက် အိပ်ရာပေါ်မှာ လှဲနေသည် ။
မောင်က အနီရောင် အသည်းစွဲမို့
တစ်အိမ်လုံးက ရူးချင်စရာကောင်းလောက်
အောင်ကို အနီရောင်တွေချည်း ။

Ashes Of Burning DesireWhere stories live. Discover now