Part 18
Dragon group ဆိုပြီးနာမည်ထွင်းထား
သည့်အဆောက်အဦးကိုကြည့်ပြီး အကြင်နာ စိတ်ညစ်နေမိ၏။ရှောင်နေပါတယ်ဆိုကာမှ ရောက်လာရပြန်ပြီ။အကြင်နာ သူ့ကိုရှောင်နေတာ၃ရက်လောက်ရှိနေပြီ။သူလည်အကြင်နာတို့ companyကိုမလာ။အကြင်နာလည်း သူ့နဲ့တွေ့ရမဲ့ကိစ္စတိုင်းကိုတတ်နိုင်သမျှရှောင်၏။ဖူးငုံကလည်း အကြင်နာ့ကိုကူညီသည်မို့အ ဆင်ပြေနေသည်။ဒီ၃ရက်ထဲတော့အကြင်နာရဲ့ရှောင်ရှားရေးစစ်ဆင်ရေးကအဆင်ပြေနေခဲ့သည်။ဒီနေ့တော့ အကြင်နာအပျော်တွေပျက်ရပြီ။
ဖူးငုံကိုတစ်ခြားနေရာအလုပ်ခိုင်းသည်မို့
ဒီကိုလာရမဲ့တာဝန်က အကြင်နာ့အတွက်
အော်တိုလုပ်ရမဲ့တာဝန်ပေ။ပေးရမဲ့ဖိုင်တွဲ
တွေကိုကိုင်ပြီး အကြင်နာထိုနေရာသို့ဝင်
လာခဲ့သည်။*အလုပ်နဲ့ကိုယ်ရေးကိုယ်တာခွဲထားရ
အောင် အကြင်နာမောင် "Reception မှာထားပြီးအမြန်ပြေးရင်
သူနဲ့တွေ့စရာမှမလိုတော့တာ။ရုံးခန်းက
ဟိုးအပေါ်လွှာကနေတော့အကြင်နာ့ကို
မြင်မယ်တော့မထင်ပါလေ။မမငယ်ကို
ဒီဖိုင်တွဲတွေပေးပြီး ပြန်ရင်ရတာပဲ။တွေး
ပူစရာမရှိပူနေပြန်ပြီ။"မမငယ်!.."
"ဟယ်! အကြင်နာလေးပါလား။ဒီကိုမလာ
တာကြာပြီနော်။ဘယ်တွေပျောက်နေတာ
လဲ။ဖူးငုံလေးနဲ့တော့တွေ့သား""ဟီး! ကိစ္စမရှိလို့မလာဖြစ်တာပါဗျ။ဖူးငုံ
အပြင်ထွက်ရင် အကြင်နာကရုံးမှာကျန်ခဲ့
ရတယ်လေ""ကဲဆို ဘာကိစ္စလဲ"
"ဒီဖိုင်လေးတွေကို မမငယ်ရဲ့boss ကို
ပေး,ပေးပါဗျ။အကြင်နာသွားစရာနေရာ
ရှိသေးလို့အပေါ်မတက်တော့ဘူး မမငယ်...
ရတယ်မလား ""ရတာပေါ့ရှင် ဒီဟာတွေ အကုန်နော်"
"ဟုတ်တယ် မမငယ် ကျေးဇူးပဲနော်။
အကြင်နာ ပြန်လိုက်ဦးမယ်ဗျ"အကြင်နာ မြန်မြန်ဆန်ဆန်ပဲထိုနေရာက
ထွက်လာခဲ့သည်။ရုံးကားကိုလှမ်းကြည့်
တော့ မတွေ့။ဟင်! ကိုတင်ငွေကတော့လုပ်ပြီ။
အမြန်လစ်ချင်ပါတယ်ဆိုနေ ပါကင်သွားထိုးနေရလား ဟ!!!
VOUS LISEZ
Love is born, because of you(Complete)
Non-Fictionစနေဦးခိုက် အကြင်နာမောင် Warning !! Myanmar bl fiction Unicode & Zawgyi တတိယမြှောက်ကြိုးစားမှု့လေးကနေကြိုဆိုပါတယ်။ Starting date -4/12/22