ရှန်းစုရှင်းက လွမ်ချာချာကို ညင်သာသော အသံဖြင့် မေးသည်။ "ချာချာရဲ့ခန္ဓာကိုယ် ဘယ်လိုလဲ။
မူလပိုင်ရှင်ဆိုရင် သူမကို သေချာပြန်ဖြေမှာ မဟုတ်ပေမယ့် အခု လွမ်ချာချာ ဖြစ်နေတဲ့အတွက် သနားစရာပါပဲ ။ လွမ်ချာချာက သူမကို နူးညံ့စွာ ပြုံးပြလိုက်ပါတယ်။
"အဒေါ်ရှင်း ၊ ကျွန်မအဆင်ပြေပါတယ်၊ ကျွန်မကိုလာတွေ့ဖို့ မလိုပါဘူး။ ကျွန်မအဖေက နေ့တိုင်း အလုပ်တွေရှုပ်နေတာ၊ ကျွန်မကိုလာကြည့်ဖို့အတွက် အချိန်ယူရတော့ ကျွန်မအရမ်းစိတ်မကောင်းဖြစ်ရတယ်။" လွမ်ချာချာသည် သူမ၏ လက်လေးကို ဆုပ်ကိုင်လိုက်ပြီး လွမ်ကျုံးဖန်ကို မော့ကြည့်လိုက်သည်။
လွမ်ကျုံးဖန်က လွမ်ချာချာသည် စုရှင်းကို ထပ်ပြီးအော်တော့မယ်လို့ ထင်ခဲ့ပေမယ့် လွမ်ချာချာက နူးညံစွာပြောပြီး နောက်ဆုံး သူ့ကို နားလည်သွားပုံရတယ်။
သူ သမီးလေးကို အနီးကပ်ကြည့်လိုက်တော့ သူမက ပိုပါးသွားပုံရပြီး သူမရဲ့အမူအရာက အရင်ကလို ဟန်ဆောင်ပြီး ပျော့ညံ့ထားပုံမပေါ်ပါဘူး။
"ဘာကိစ္စရှိလို့လဲ မိုဟန်က မင်းအပေါ် မကောင်းဘူးလား" လွမ်ကျုံးဖန်က မျက်မှောင်ကြုတ်ပြီး လွမ်ချာချာကို မေးသည်။
လွမ်ချာချာက ခေါင်းငုံ့ကာ အနည်းငယ် စိတ်မသက်မသာနှင့် ပြန်ဖြေသည် ။ “အဖေ၊ ကျွန်မ အဆင်ပြေပါတယ် ။ အစ်ကို မိုဟန်က ကျွန်မအပေါ် အရမ်းကောင်းပါတယ်။"
လွမ်ကျုံးဖန်က တိတ်တိတ်ဆိတ်ဆိတ်နေပြီး မျက်မှောင်ကြုတ်ကာ သူမကို ကြည့်နေခဲ့သည်။
ရှန်းစုရှင်းသည် လွမ်ချာချာကို ဤမျှကြာအောင် ကြည့်ပြီးနောက် သူမ၏ ပင်ကိုယ်စရိုက်ကို ပြောင်းလဲသွားသည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားဘဲ သူမ ဟန်ဆောင်မည်ဟု မျှော်လင့်ခဲ့သည်၊ မဟုတ်ပါက ဆက်ဆံရန် အလွန်ခက်ခဲလိမ့်မည် ။
"မင်းပြောတာကိုကြည့်စမ်း၊ မိုဟန်က မင်းနဲ့ ဆိုးဆိုးရွားရွား ဆက်ဆံနိုင်ပါ့မလား။ ဒါကို အဒေါ်က အရသာရှိအောင် လုပ်ထားတာ။" ရှန်းစုရှင်းသည် ထမင်းဘူးထဲမှ ဒင်ဆမ်းကို ထုတ်ကာ လွမ်ချာချာဘေးရှိ စားပွဲပေါ်တွင် တင်လိုက်သည်။
YOU ARE READING
The Green Tea Female Partner With the Male Lead ( Complete )
RomanceThe novel written by: Author: (Tángguo Fěnfen) ဤဝတ္တုသည် Translation Novel တစ်ပုဒ်ဖြစ်ပါသည် ။ မူရင်းစာရေးသူနှင့် Eng Translationကို credit ပေးပါတယ် This is not my own creation, it is just a translation of the original. Credit to the original author