(28)Unicode

1.1K 113 2
                                    

 မီးရောင်စုံအောက်က အခန်းကျယ်ကြီးမှာ မြူးကြွတဲ့ သီချင်းသံနှင့်အပြိုင် ကခုန်နေကြသည့် ယောကျ်ားမိန်းမအရွယ်စုံ။ ပြင်းရှရှ ဝီစကီအနံ့ကစလို့ ထုံမှိုင်းမှိုင်း စီးကရက်အငွေ့တွေကြား လှုပ်ရှားသက်ဝင်နေသည့် အဆိုပါနေရာက ဒီနိုင်ငံက နာမည်ကြီး ကလပ်တစ်ခု။ ပြီးတော့ ပိုင်ရှင်က သူမဘေးမှာ မျက်နှာပုတ်ကြီးနဲ့ ထိုင်နေတဲ့သူ တနည်းအားဖြင့် လွင်မီမီခိုင် မဟုတ်တဲ့ အက်သီနာ။

"အိမ်ပြန်ရအောင် နေခြည်"

စိတ်ပျက်လက်ပျက်အသံနဲ့ တားနေသူကို နေခြည် မျက်စောင်းပိတ်ထိုးလိုက်သည်။ ပြီးတော့ စားပွဲပေါ်က သောက်ချင့်စဖွယ် အဖြစ်ဆုံး ကော့တေးတစ်ခွက်ကို မြည်းစမ်းလိုက်သည်။ မဆိုးဘူး သူကြိုက်တဲ့ ကော်တွန်ကန်ဒီလို ချိုပြင်းရှလေး။ အရောင်က အပြာရောင်ဖြစ်နေတာလည်း ပါမှာပေါ့။ ကြိုက်ပါတယ်။

"ထပ်မသောက်နဲ့တော့ နေခြည်"

ဘယ်လိုတားတား မနိုင်တာကို သူမို့ အဆန်းလုပ်ပြီးတားနေသေးတယ်။ နေခြည့် ဘေးနားက တစ်ယောက်ကို လှည့်တောင်မကြည့်ဘဲ ပုံစံမျိုးစံနဲ့ ကခုန်နေသူတွေရှိရာကို လျှောက်သွားလိုက်သည်။ ပြီးတော့ မကတတ် ကတတ်နဲ့ စည်းချက်မကျစွာ ဝင် လှုပ်ရှားနေလိုက်သည်။ သက်ပြင်းချသံ စူးစူးက နောက်ပါးမှ ထွက်ပေါ်လာတော့ တချက်လှည့်ကြည့်မိသည်။ တကယ်ကို သူ့နောက်ပါးကနေ တဖဝါးမှ မခွာဘဲ တနေကုန်လိုက်နေသူကြီးဟာ သည်းခံနိုင်မှု့အတိုင်းအတာ ကုန်သွားပြီထင်ရဲ့ နေခြည့်ကိုယ်လေးကို ကောက်ပွေ့ကာ လူအုပ်ထဲက ဆွဲထုတ်လိုက်သည်။

"လွင် လွှတ်စမ်း ငါ့ကို ချပေးလို့"

"ဖြန်း"

"တိတ်တိတ်နေ"

တိုးကြိတ်ကြိတ်အသိပေးသံမတိုင်ခင် ထွက်လာသည်က နေခြည့်တင်းပါးကို ခပ်ဆတ်ဆတ် ရိုက်လိုက်တာဖြစ်သည်။ ပခုံးပေါ်ထမ်းထားတာမို့ သူတို့နှစ်ယောက် အနေအထားကို လူတွေအကုန် လှည့်ကြည့်လှည့်ကြည့်နဲ့ပေါ့။ နေခြည်လည်း အစကတော့ လွင့် ပခုံးကို ထုရိုက်ပြီးတားသေးပေမယ့် ဒါဏ်ရာဟောင်းကို သတိရတာကြောင့် ငြိမ်နေလိုက်တော့သည်။ မူးလည်း မူးနေတာကြောင့်ရောပေါ့။ သီးသန့်ကားပါကင်မှာ ရပ်ထားသည်က မှန်အမည်းတွေ ကပ်ထားသည့် နက်မှောင်နေသည့် ကားကြီး။

ရွှေချည်ကြိုးဆွဲရာ(GL)Nơi câu chuyện tồn tại. Hãy khám phá bây giờ