Part...29

633 41 12
                                    

For Unicode

ညနေစောင်းရဲ့ လိမ္မော်ရောင် နေမင်းကြီးမှ အလင်းတန်းတွေက ကမ္ဘာပေါ်ကိုဖြာကျနေသည်။

ကျောင်းတော်ကြီးရှေ့မှ အုတ်တံတိုင်းရဲ့အလွန် တစ်နေရာမှာ ခုန်ဆွဆွနှင့် တစ်စုံတစ်ရာကို စောင့်မျှော်နေသည့် ကောင်လေးတစ်ယောက်လည်းရှိနေခဲ့၏။

ထိုသူက ဂျောင်ဟိုဝန်း။
ဟိုဝန်း အစ်ကို့ကိုစိတ်ပူလွန်းလို့ အရဲစွန့်ပြီး တွေ့ခွင့်တောင်းခဲ့တာ။
မရိုးမသားစိတ်တွေရှိနေတာမှန်ပေမဲ့ စိတ်ပူသည့်ခံစားချက်ကပိုပါသည်။

အစ်ကိုအဆင်ပြေပြေရှိရဲ့လားဆိုတာကို အတည်ပြုချင်ခဲ့တယ်ဆိုရင်လည်းမမှား။
အစ်ကိုကြီးပြောလို့သာယုံခဲ့ရတာ။
မဟုတ်ရင် ဟိုဝန်းယုံနိုင်မည်တောင်မဟုတ်။

အိမ်ထောင်သည်တစ်ယောက်မှန်းသာ ဒီထက်စောပြီးသိခဲ့ရင် သဘောမကျမိဖို့ကြိုးစားခဲ့မှာပါ။

ထိုအချိန် ဟိုဝန်းရှိရာကို ဆိုက်ရောက်လာတ​ဲ့ အဖြူရောင်ကားတစ်စင်း။
ချမ်းအေးလှသည့် ရာသီဥတုကြောင့် အေးစက်နေတဲ့ လက်နှစ်ဖက်ကိုပွတ်ရင်း ဟိုဝန်း ကားထဲမှ အစ်ကိုထွက်လာမည်ကို စောင့်နေမိသည်။

"အစ်ကို...ဟင် ခင်ဗျား"

ပွင့်လာတဲ့ကားတံခါးကြောင့် အားရဝမ်းသာခေါ်လိုက်မိသော်လည်း မြင်လိုက်ရသူမှာ အစ်ကိုထယ်ယောင်းမဟုတ်တာကြောင့် ဟိုဝန်း တင်းတင်းမာမာနဲ့ အော်လိုက်မိသည်။

"အစ်ကိုဘယ်မှာလဲ ... ခင်ဗျားဒီကိုဘယ်လိုရောက်လာတာလဲ"

အမှန်တကယ်လည်း ဟိုဝန်းထိတ်လန့်သွားရသည်။ဒီလူရောက်လာတာ ကောင်းတဲ့လာခြင်းတော့ မဖြစ်နိုင်။

"ဂျောင်ဟိုဝန်း...ငါ့အမျိုးသားကို ဘာလို့တွေ့ချင်တာလဲ...ပြောစရာကျန်သေးလို့လား"

"အစ်ကို...အစ်ကိုအဆင်ပြေရဲ့လား ကျွန်တော်သိချင်တယ်။ခင်ဗျား ဘယ်လိုသိပြီး ဒီကိုရောက်လာတာလဲ...အစ်ကို့ကို ဘာလုပ်ထားတာလဲ"

မျက်စိရှေ့က သည်းခြေပျက်ပြနေသည့် ကလေးသာသာကောင်ကြောင့် ဂျောင်ကု လည်ပင်းကြောတို့ ထိုးထောင်လာသည်အထိ အံကြိတ်ထားမိသည်။

𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧  (Completed)Where stories live. Discover now