Ones in the Millions (Part-45)
*Kibum pov*
'Miyoung ahh!!´
သူ Miyoung နောက်အား ပြေးလိုက်ကာ လက်အား လှမ်းဆွဲ လိုက်လေသည်..။
Miyoung နေမကောင်း ဖြစ်နေတာကို သူမသိပဲ ဝမ်းနည်း အောင် လျှောက်ပြော မိနေတယ်..။
'Miyanae..Miyanae.. ´
'လွှတ်.. မုန်းတယ်.. Kim Kibum! နင့်ကို ငါ မုန်းတယ်..´
သူ့ရင်ခွင်ထဲတွင် အတင်းရုန်းကန် နေသော ကောင်မလေး အား သူ တင်းကျပ်စွာ ဖက်ထားလိုက်လေတော့သည်..။ Miyoung မှာ အင်အား ချင်း မမျှလေ သဖြင့် ခဏမျှရုန်းရင်း ငြိမ်ကျ သွားကာ ကလေးတစ်ယောက် လို ရှိုက်နေလေတော့သည်..။
'ငါ တောင်းပန်ပါတယ်.. ´
Kibum တစ်ယောက် Miyoung ၏ မျက်ဝန်းအိမ်မှ မျက်ရည်စ များအား သုတ်ပေး လိုက်ရင်း Miyoung နှုတ်ခမ်း လေးအား ငုံ့ကာ နမ်းလိုက်လေတော့သည် ။
သူ့၏ ရုတ်တရပ် အပြုအမူ ကြောင့် Miyoung လန့်သွားကာ သူ့အား ငြင်းဆန် မည်ဆိုးသဖြင့် Miyoung ၏ ခါးအား တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်လေတော့သည်..။
သူ တစ်သက်လုံး အိမ်မက် မက်ခွင့်သာ ရှိခဲ့သော Miyoung ၏ နှုတ်ခမ်း လေးမှာ ထိုမှ ချိုမြိန်နေမည် ဟု သူ မတွေးမိခဲ့..။ ထို အခိုက်အတန့်  တွင် အရာအားလုံး မှာ တိတ်ဆိတ် စွာ တစ်လောက လုံးတွင် သူတို့နှစ်ဦးသာ ရှိသည့်အလား..။
Miyoung သူ့ လည်ပင်း အား သိုင်းဖက်လိုက်သည့် အချိန်တွင် သူတို့နှစ်ယောက် ၏ အနမ်းမှာ ပို၍ ပြင်းထန်လာလေတော့သည်..။
သူ ဘယ်လို စိတ်ကူးမျိုး.. ဘယ်လို သတ္တိမျိုးနှင့် ဒီလို အလုပ်မျိုးကို လုပ်နေမိခဲ့တာ လဲ?! ဒီလို လုပ်ရပ်တွေ လုပ်ပြီး နှစ်ပေါင်း များစွာ သော သူငယ်ချင်း ဆိုတဲ့ အဖြူရောင် တံတိုင်း ကြီးကို ဖြိုချ နေတာလား??
'Aishhh..!´
Kibum ရုတ်တရပ် သတိပြန်ဝင်လာကာ တစ်ဖက် သို့ အမြန်လှည့်လိုက်လေသည်..။
YOU ARE READING
Ones in the Millions(Hiatus)
RomanceSHINee : ကျွန်တော် တို့ 5ယောက် လုံး ကောင်မလေး တစ်ယောက်တည်း ကို မတူညီတဲ့ ပုံစံမျိုးနဲ့ တွေ့ဆုံ ခဲ့ပြီး တူညီတဲ့ အချစ် တစ်မျိုးတည်း နဲ့ ချစ်မိခဲ့ ကြတယ်..။ Park Miyoung (Reader) တစ်ချိန်ထဲမှာ လူ 5 ယောက် လုံးကို ချစ်မိသွားဖို့ ဆ...