Part...30

701 33 3
                                    

For Unicode

ဟိုဘက်အိမ်ကပြန်လာကတည်းက မျက်နှာမသာတဲ့ Amberကြောင့် ဂျောင်ကုလည်း အလိုက်တသိနဲ့ ခပ်ငြိမ်ငြိမ်သာနေရသည်။

အတွေးများပြီး ငိုင်တိုင်တိုင်ဖြစ်နေတဲ့ Amberကိုကြည့်ပြီး သူဖြင့်အားမရလိုက်တာ။ပျော်စေချင်လို့ မိဘအိမ်ကိုအလည်ပို့ကာမှ ပိုဆိုးလာသလားမသိ။

သူ့ရဲ့နှစ်သိမ့်မှုက တကယ်ပဲအလုပ်ဖြစ်နိုင်ပါ့မလား၊ ဒါမှမဟုတ် စိတ်အနှောက်အယှက်ဖြစ်စေမလားမသိတာကြောင့် ခပ်လှမ်းလှမ်းကပဲ ငေးနေမိသည်။

Amberစိတ်ဒုက္ခတွေရဲ့ အရင်းအမြစ်က သူမဖြစ်ဖို့ပဲ ဆုတောင်းမိပါရဲ့။

ကိုယ့်ရဲ့မွေးနေ့ရှင်လေး ထာဝရပျော်ရွှင်ပါစေ။

...

နှစ်တစ်နှစ်ရဲ့အစ။စိတ်သစ်လူသစ်ဖြစ်နိုင်ဖို​့ ထယ်ယောင်း ကြိုးစားချင်မိသည်။
ခေါင်းထဲရောက်လူတဲ့ အတွေးဆိုးတွေကို သူရှင်းထုတ်မပစ်နိုင်သေးပေမဲ့ သူအရာရာကို မေ့ပစ်ချင်ပြီ။

ဒီတိုင်းလေး သာမန်အခြေအနေနဲ့ ပေါ့ပေါ့ပါးပါးနေကြည့်ဖို့လည်း သင့်တော်တယ်မလား။

အလုပ်ပြန်ဖွင့်ပြီဖြစ်တဲ့ ဂျောင်ကုက Suitကို သေချာဝတ်ကာ အလုပ်သွားဖို့ပြင်နေသည်။နက်ခ်တိုင်ကို လက်ကကိုင်လို့ ထယ်ယောင်းအနားရောက်လာပြီးမှ မယောင်မလည်နဲ့ နောက်ပြန်လှည့်သွားတာကြောင် ထယ်ယောင်း ပါးစပ်ကိုလက်နဲ့ကာပြီးပင် ခပ်ဟဟရယ်မိ၏။

ထယ်ယောင်းကိုယ်တိုင်လည်း အပြာနုရောင်ရှပ်သန့်သန့်နဲ့ စတိုင်ပင်ဘောင်းဘီ အဝါရောင်အဖျော့ကို တွဲပြီးဝတ်ထားဖြစ်သည်။ဒီနေ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲရှိလို့ ဂျောင်ကုက ထယ်ယောင်းကို သူ့ကားယူသွားဖို့ပြောသည်။

ဂျောင်ကုကိုတော့ ထယ်ယောင်းကပဲ လိုက်ပို့ရလောက်၏။

"အဝတ်လဲပြီးရင် မနက်စာစားကြရအောင် ဂျောင်ကု"

ထယ်ယောင်းပြောလိုက်သည့်အခါ ဂျောင်ကုက ထယ်ယောင်းရဲ့ မျက်နှာရိပ်မျက်နှာကဲကိုတစ်ချက် အကဲခတ်ပြီး အဆင်ပြေဟန်ခံစားမိလေတော့ နှုတ်ခမ်းလေးတွန့်ကာပြုံးပြီး ရယ်ပြသည်။

𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧  (Completed)Место, где живут истории. Откройте их для себя