ဆိုးခွင့်...
အပိုင်း(1)
"အခြေအနေတွေ ပုံမှန်ပဲလား..."
"အင်း..မွေးတော့မယ် အားလုံး
အဆင်ပြေတဲ့ပုံပဲ..."အဆင့်မြင့်Condo တိုက်ခန်းကြီးရဲ့
အခန်းတစ်ခုတွင် စိတ်လှုပ်ရှားစွာ
ရပ်နေကြသော လူအချို့။အသက်ခပ်လက်လက် အရွယ်မိန်းမကြီး
တစ်ဦးနှင့် ယောကျာ်းတစ်ဦး။"ဒါဆို ငါ သခင်မကြီးကို အကြောင်းကြား
လိုက်အုံးမယ်..."ပြောပြီး အခန်းအပြင်ဘက်သို့ ထွက်လာ
၍ တစ်စုံတစ်ယောက်အား ဖုန်းဆက်
ရန်အတွက် ဖုန်းခေါ်နေပုံက တစ်ဖက်က
လူပုဂ္ဂိုလ်အား တရေးတယူရှိလှသည်။"ဟယ်လို သခင်မကြီး မွေးပါတော့မယ်...
အခြေအနေအားလုံး ကောင်းပါတယ်
ဘာလေးလဲဆိုတာတော့ သိရတာနဲ့
ဖုန်းထပ်ဆက်ပါ့မယ် သခင်မကြီး...''"..........."
ဟိုဘက်က ဘာပြန်ပြောလဲ မသိပင်မဲ့လဲ
ထိူလူကြီးမှာ ခေါင်းငြိမ့်နေ၍ တရိုတသေ
ဖြေကြားနေတော့သည်။"အား....အမေ့ရေ...အဟင့်...ကယ်ပါအုံး...
အဟင့်..အား..နာတယ်..."အခန်းကြီးတစ်ခုထဲ သားဖွားဆရာမကြီးနှင့်
လက်ထောက်ဆရာဝန်မလေးမှာ ချွေးတသီးသကျနေ၍...ချွေးများစီးကျနေသော မိန်းမငယ်လေးအား စိုးရိမ်တကြီးကြည့်ကာ..."ညစ်ထား သမီး...မွေးတော့မယ်...
နည်းနည်းပဲညစ်ထား...''ထိုအချိန် ထိုအမျိုသမီးလေးမှာ
နာကျင်နေသည့်ဒဏ်အား ခံစားနေရ၍
အံလေးကြိတ်ထားပုံက ဝေဒနါအား
အလူးအလဲခံစားနေရ၍ အံလေးကြိတ်ကာ
ရင်သွေးလေးအား.လူ့လောကထဲသို့
ထွက်လာဖို့အတွက် ခက်ခဲစွာကြ်ိုးစားနေရ
ပုံလေးက သနားစဖွယ်ပင်။"အင်း...အား....."
"အူဝဲ...အူဝဲ...အူဝဲ..."
"အမလေး မွေးပြီး မွေးပြီ..."
ကလေးငိုသံနှင့်အတူ ဆရာဝန်မကြီးရဲ့
ဝမ်းသာစွာ ပြောလာသော အသံကြား
သူမ မျက်ဝန်းလေးများ ဝမ်းသာစွာ
ပွင့်လာ၍... ဆရာဝန်မကြီးလက်ထဲက
နီတာရဲလေးအား ကြည့်လိုက်ချိန်...