အပိုင်း(2)
သူ့ဆီပြေးဝင်လာသော ကလေးနှင့် ဧည့်ခန်းကြီးထဲ ပွင့်နေသော တီဗီကြီးအား
မှတ်တမ်းကြည့်၍ မျက်နှာမှာ တင်းမာသွားကာ..."ကလေးထိန်း ဘယ်မှာလဲ!!..."
ထိုအချိန် သူ့ရဲ့ အေးစက်စက် အသံကြောင့်
ကလေးထိန်း ဖြစ်ပုံရသော မိန်းကလေးမှာအထိန့်တလန့်ခေါင်းလေးငုံ့ကာ ရပ်နေကာ..."ကျွန်...ကျွန်မ ဒီမှာပါသူဌေး..."
"မင်း ကလေးကို သေချာဂရုမစိုက်တက်ဘူး
ထင်တယ်... အခုချက်ချင်း လစာကြိုထုတ်ပြီးထွက်သွားတော့...""ရှင်..."
ထိုအချိန် ထိုအမျိုးသမီးမှာ အထိန့်
ဖြစ်သွား၍ ထိုင်ကျသွားတော့သည်။သူ့အရှေ့က အသားဖြူဖြူ ဆံပင်
ကောက်ကောက်နှင့်ချစ်စဖွယ် ကလေးလေး
မှာ မျက်ဝန်းလေးဝိုင်းကာ ကြည့်နေမိတော့သည်။မှတ်တမ်း အရှေ့က သားဖြစ်သူအား
ကောက်ချီကာ အိမ်ကြီးရဲ့ အပေါ်ထပ်
သူ့အခန်းဆီတက်လာချိန် အစောင့်များနှင့်အတူ ဖြိုးမင်းသည်လဲ ရပ်ကာကျန်နေခဲ့လျှက် ကြမ်းပြင်အထက်ထိုင်ကာ ငိုနေသော
အမျိုးသမီးအားကြည့်၍ သက်ပြင်းချလိုက်မိသည်။သေချာပြောထားပါရက်နဲ့ ကလေးအား
အချိန်မဟုတ်ဘဲ TVပြထားတာက်ို အခုတော့
အလုပ်အထုပ်ခံရပြီ။သူဌေးက စည်းကမ်းပျက်ရင် အရမ်းမုန်းတာ
ဘာကြောင့်လဲဆိုတာတော့ သူဌေး
ပဲအဖြေပေးနိုင်လိမ့်မည်။အခန်းထဲအရောက် သူ သားဖြစ်သူအား
ဆိုဖာပေါ်တင်လိုက်ကာ..."ကမ္ဘာရင့် မင်းကို ပါးပါး ဘာပြောထားလဲ..."
ထိုအချိန် ခေါင်းလေးငုံ့နေသော
ငါးနှစ်အရွယ် ကမ္ဘာရင့်လေးမှာ
ဖခင်ဖြစ်သူအား မျက်ဝန်းဝိုင်းလေး
ဖြင့်မော့ကြည့်ကာ..."TVမကြည့်ရဘူး.ပြောထားပါတယ်
ပါးပါး..."မှတ်တမ်း သားဖြစ်သူအား
နှုတ်ခမ်းများတင်းထားကာ
စူးစိုက်ကြည့်၍..."မင်း ပါးပါးစကားကို ခေါင်းထဲမထည့်တာလား....ကိုယ့်အပြစ်ကိုယ်သိရင် ဒူးထောက်နေ..."