အပိုင်း(4)
မှတ်တမ်း သူမမျက်နှာအား စူးစိုက်ကြည့်နေမိချိန် စိတ်ထဲတစ်မျိုးတစ်မည်ဖြစ်သွားကာ
"မင်းမျက်လုံးမမြင်ဘူးလား..."
ထိုအချိန် ဖြူဖျော့နေသော နှုတ်ခမ်း
ဖူးဖူးလုံးလုံးလေးမှာ တစ်ဆက်ဆက်တုန်လာ၍ မျက်ဝန်းဝိုင်းဝိုင်းလေးထဲ မျက်ရည်ကြည်လေးများဝေ့တက်လာပုံအား အနီးကပ်စူးစိုက်ကြည့်နေလိုက်သည်။"အို တောင်းပန်ပါတယ်ရှင် ကျွန်မ
ညီမ မျက်လုံးမမြင်ဘဲ ရှင့်တို့ကို
ဝင်တိုက်မိတာဖြစ်မယ် ကြားထဲကျွန်မကပဲ
တောင်းပန်ပါတယ်..."ရုတ်တရပ် အမျ်ိုးသမီးတစ်ဦး အရှေ့က
သူမလက်အားစောင့်ဆွဲလိုက်၍ သူတို့အားရယ်မောကာပြောလာသောကြောင့် မှတ်တမ်း
ဘေးက သူမကိုသာ တစ်စိုက်မက်မက်ကြည့်နေလိုက်သည်။ကြာညို ရုန်းနေသော သူမလက်ထဲက
ရွှေပုံလက်အားအတင်းဆုပ်ကိုင်ထား၍..."အဟွန်း ဒီက လူကြီးမင်းကို
ကျွန်မတောင်းပန်းပါတယ်
ကျွန်မညီမက နည်းနည်းစိတ်လွတ်နေလို့ပါရှင့်... ''နာလေးစွင့်၍ နားထောင်နေသော ပုံ
မမကြာညိုစကားကြောင့် ခေါင်းလေးရမ်းလိုက်ချိန်.."လာ နင့်ကိုအခန်းထဲမှာနေပါလို့ ပြောထားတယ်လေ လာသွားမယ်.."
ပြောပြီး မမကြာညိုဆွဲခေါ်ရာနောက်
ပုံ အရုပ်တစ်ရုပ်လို ပါလာခဲ့တော့သည်။အတင်းဆွဲရမ်းကာ ခေါ်လာသောကြောင့်
ပုံခြေထောက်ထိပ်လေးများ ခေါက်ကာ
နာလာသည့်အထိ။မမြင်ပင်မဲ့လဲ ပုံပံစံက သနားစဖွယ်ကောင်းနေမှာ ပုံကိုယ်ပုံသိသည်။ပုံကို ဘယ်သူမှသနားတာ ပုံမလိုချင်ပါ။
ထိုအချိန် မှတ်တမ်း ဆွဲခေါ်ရာအနောက်
ပါသွားသော ဆံနွယ်ရှည်များနှင့်သူမအား
ကြည့်နေမိ၍ ကျကျန်ခဲ့သော ခေါင်းစည်းကြိုးလေးအားကောက်ယူလိုက်ကာ အိပ်ထဲက ဆွဲကြ်ိုးလေးအား
တစ်ချက် စမ်းလိုက်၍ ခေါင်းစည်းကွင်း
လေးကိုပါ အိတ်ကပ်ထဲထည့်ထားလိုက်မိသည်။"သနားပါတယ်ဗျာ ဟိုမိန်းကလေးက
လူနာအပေါ် ဆက်ဆံတာကြမ်းလိုက်တာ..."