အပိုင်း(6)
"ဟွန့်...နေလိုက်ရင် ငူငိုင်နေလိုက်တာ
မြင်မကောင်းဘူး ရွှေပုံ နင်ဟိုရက်က
ဘာဖြစ်တာလဲ ....''ပုံ သစ်ပင်အရိပ်လေးအောက် ထိုင်နေချိန်
မမကြာညိုအသံကြောင့် ကျနေသော မျက်ရည်လေးများအမြန်သုတ်ပစ်ကာ...
ဘေးကတုတ်ကောက်လေးအားယူ၍
စမ်းကာထရပ်လ်ိုက်သည်။"မမကြာ ဘာခိုင်းစရာရှိလို့လဲဟင်...
"နင်လို မျက်မမြင်မကို ငါကခိုင်းစရာလား
မေးတာသာဖြေစမ်းပါ အဲ့ဒီရက်က နင်ဘာဖြစ်တာလဲ.. "ပုံ တုတ်လေးကိုသာ ကြစ်နေအောင်
ဆုပ်ကိုင်ထားမိကာ ပျက်ချင်နေသော
မျက်နှာလေးအားမနည်းထိန်းထားရ၍."ပုံ လမ်းပျောက်သွားလိူ့ပါ အဲ့ဒါကြောက်ပြီး
အခြားအိမ်မှာခဏခေါ်ထားလို့ ဝင်နေတာ
အတော်ကြာမှဒေါ်ဒေါ်ရောက်လာလို့
ပြန်လိုက်လာရတာပါ..."ကြာညို ဟန်ပါပါ လက်ကလေးပိုက်ကာ
မဲ့လိုက်၍ သူမအရှေ့တွင် ရပ်နေသော
သူမအား မဲ့ကာကြည့်ကာ..."ဟုတ်လား မေမေလဲ ငါ့ကို ဘာမှမပြောဘူး
ဒါနဲ့နင့်မှာ ပိုက်ဆံရှိလား.. ''"ဟင့်အင်း မရှိဘူးမမ..."
"ဟွန့် နင်က ဘယ်တုန်းကမှလဲမရှိဘူး..."
မျက်နှာငယ်ကာရပ်နေသော ရွှေပုံအား
ကြာညို အမြင်မကြည်စွာကြည့်လိုက်၍..."အော် နင့်မှာအစက ဆွဲကြိုးတွေ့ပါတယ်
ဘယ်ရောက်သွားလဲ...""ဟို...ဟို.. ပျောက်သွားလို့ပါမမ..."
"ဟုတ်လို့လား နင်ငါ့ကိုမပေးချင်လို့မဟုတ်လာား..."
"မဟုတ်ပါဘူး မမရယ် ပုံတကယ်ပြောတာပါ
ရှေ့နှစ်ပတ်လောက်ထည်းက ပျောက်သွားတာပါ...""ကျစ် ပြီးရော ဘာမှအသုံးကိုမကျဘူး
ငါပြောတာတွေ မေမေကိုမပြောနဲ့နော်
ငါ့ကိုလာဆူလို့ကတော့ နင်သေဖို့သာပြင်..."ပြောပြီးထွက်သွားသော မမကြောင့်
ပုံ မျက်နှာလေးငယ်ကာ ကျန်နေခဲ့လျှက်
အားတင်းကာ ပြုံးလိုက်မိသည်။ထို့နောက် ထိုနေရာလေးမှာပြန်ထိုင်လိုက်ကာ
လက်ဆက်၍ အေးနေသော လေနုအေးအေး
လေးများက သူမရဲ့မျက်နှာလေးပေါ်တိုက်ခပ်လာချိန် ပုံပြုံးကျသွား၍..