အပိုင်း(7)
တဆက်ဆက်တုန်ယင်လာသောနှုတ်ခမ်းလေးနှင့်
ချက်ချင်းပင်ဖြူဖျော့လာသော
မျက်နှာလေးကြောင့် မှတ်တမ်းအလိုမကျသော်လဲ သူ့အား သူမပိုမကြောက်လာစေရန့အတွက် သူသက်ပြင်းချလိုက်ကာ..."ရွှေပုံကမ္ဘာ မင်းစိတ်ကို ငြိမ်အောင်ထားပါ
ကိုယ်အခုမင်းနဲ့တွေ့ဖို့ပြောတာက
မင်းမျက်လုံးကို ကုသေပေးချင်လိူ့
ပြီးတော့ အဲဲ့ဒီနေ့က မင်းအပေါ်ကျူးလွန်ခဲ့တာအတွက် တာဝန်ယူမှာပါ...''သူအေးဆေးစွာပြောလာပင်မဲ့လဲ
ပုံရင်ထဲ လှိုင်းများထန်နေသလို သူ့အသံကိုပင်
ရင်ထဲတူးခါးနေအောင်မုန်းနေမိသည်။သူလို မျက်မမြင် ဒုက္ခတမိန်းကလေးတစ်ယောက်ကို လူမဆန်စွာဖြတ်စီးယုတ်မာခဲ့ပြီး
အခုမှတာဝန်ယူမယ်တဲ့လား။မရဘူး ပုံဘယ်တော့မှ ရှင်လိုလူယုတ်မာနဲ့
လက်မထပ်ဘူး ။ပုံ နှုတ်ခမ်းလေးမဲ့လိုက်ကာ
ထရပ်လိုက်စဥ်..."ပြန်ထိုင်စမ်း ပုံလေး... မင်းကို
ကိုယ်ပြောနေတာလေ... ""ဝမ်းနည်းပါတယ် ရှင်ပြောတာတွေကို
ကျွန်မဘာတစ်ခုမှလက်မခံပါနိုင်ပါဘူး..."မျက်နှာလေးမှာ နားကျင်ရိပ်များပေါ်နေသော
သူမကြောင့် မှတ်တမ်းထရပ်လိုက်ကာ..."ပြောစမ်း.. မင်းဘာဖြစ်နေတာလဲ
မင်းကိုငါ တာဝန်ယူမယ်လို့ပြောနေတာ
မင်းကဘာကြောင့် ငြင်းဆန်နေတာလဲ.. ''"ရှင် ဖြစ်နေလို့...ရှင်လို လူယုတ်မာဆီက
အကူအညီဘာမှမလိုအပ်ဘူး...""ဟုတ်ရဲ့လား သေချာပြန်စဥ်းစား
ပုံလေး မင်းက ငါနဲ့ညိုစွန်းထားတာ
ငါကတော့ တာဝန်ယူသင့်တာယူရမှာပဲ
မင်းအဒေါ်တွေကိုပြောလိုက်မယ်...""ဟင်အင်း ရှင်ပြောရဲရင်ပြောကြည့်
ကျွန်မကိုယ်ကျွန်မ သတ်သေပစ်မယ်..."အသံလေးတုန်ခါစွာပြောလာသော
သူမအား မှတ်တမ်းမျက်မှောင်ကြီးသာ
ကုတ်၍ကြည့်နေလိုက်သည်။သူ့ဘဝမှာ အခုလိုမာနကြီးသောမိန်းကလေးမျိုးမတွေ့ဖူးသေးပေ။
KAMU SEDANG MEMBACA
ဆိုးခွင့်....(ပထမတွဲ+ဒုတိယတွဲ)Un-Zawgyi(Complete)
Romansaမှတ်တမ်းရင့်+ရွှေပုံကမ္ဘာ