အပိုင်း(8)
အခန်းကြီးထဲ အပ်ကျသံပင်မကြားရအောင်
တိတ်ဆိတ်၍နေကာ ထိုအချိန် အသက်ရူသံသဲ့သဲ့လေးမှာ စည်းချက်မှန်မှန်ဖြင့်ထွက်ပေါ်လာလျှက်...သူ သူမလေးဘေမွေ့ယာကြီးပေါ် တင်မလွဲ
ထိုင်ကာ သူမမျက်နှာလေးအားမမြင်ဖူးသူပမာစူးစိုက်ကာကြည့်နေမိသည်။နှုတ်ခမ်းလုံးလုံးဖူးဖူးလေးများမှာ
ဖြူဖက်ဖြူရေဖြစ်နေ၍ အနည်းငယ်
ခြောက်သွေ့နေသယောင်။လက်ချောင်းလေးများမှာလဲ သူများမိန်းကလေးတွေလိုသွယ်တန်းရှည်နေတာမဟုတ်ဘဲ အဆစ်ကလေးများမြှပ်အောင်
ဖြုုနု၍ လှပပြီး ချစ်စဖွယ်။ပါးဖောင်းဖောင်အိအိလေးများကလဲ
အစက်အပျောက်ကင်းမဲ့စွာ ဖြူဥနေ၍
မျက်ဝန်းများမှိတ်ထားတာတောင်
မျက်တောင်ရှည်ရှည်ကြီးများက
ယပ်တောင်သဖွယ်ဝန်းရံထားပုံ
တကယ့်ကို ကြည့်ကောင်းလှသည်။အားလုံးခြုံကြည့်လျှင်သူမလေးက
လှတာထက် ကလေးတစ်ယောက်လို
ချစ်ဖို့ပိုကောင်းနေတာအမှန်။"ပါးပါး..."
ထိုအချိန် အခန်းအဝလေးကနေ
ခေါင်းလေးပြူကာသူ့အား
ကျော်၍ ကုတင်ပေါ်ကသူမအား
ကြည့်နေသောသားဖြစ်သူကြောင့်
မှတ်တမ်း မျက်မှောင်ကြီးကုတ်သွားကာ.."ဝင်လာခဲ့ ကမ္ဘာ..."
ထိုအချိန် ကမ္ဘာရင့်လေးမှာ အေးစက်စက်
မျက်နှာလေးမှာပြုံးသွား၍ အထဲဝင်လာကာ
ဖခင်ဖြစ်သူအနားတစ်လှမ်းချင်းတိုးသွားတော့သည်။တီရှပ်အဝါရောင်လေးနှင့် အောက်က
ဘောင်းဘီအပွအနက်ရောင်ဒူးလောက်လေးအားဝတ်ထားသော ကမ္ဘာရင့်လေးမှာ
အသားဖြူဥနေသောကြောင့် ပိုးလုံးလေးပမာ
ချစ်ဖို့ကောင်းနေတော့သည်။မျက်ဝန်းဝိုင်းဝိုင်းလေးများကလဲ အခုထိ
ကုတင်ပေါ်က သူမမျက်နှာပေါ်ကမရွေ့။မှတ်တမ်းထိုအရာအားသေချာကြည့်၍
ထရပ်လိုက်ကာ သားဖြစ်သူအား
သေချာကောက်ချီလိုက်၍.."သား မင်းကိုဘယ်သူလွတ်လိုက်တာလဲ..."
"ဦးဦးဖြိုးမင်း..."