အပိုင်း(10)
ထမင်းစားပွဲဝိုင်းကြီးတွင် အားလုံး
တိတ်ဆိတ်စွာရှိနေချိန် မှတ်တမ်း
အခုထိပေကပ်ကပ်ထိုင်နေသော
သူမအား မျက်မှောင်ကြီးကုတ်ကာကြည့်နေမိသည်။လူကကြည့်ရင်သာလဲတော့မှာ အကြောက
မာလွန်းသောသူမ။ဘေးကသားဖြစ်သူကလဲ သူမအား
ငေးငေးလေးကြည့်နေသောကြောင့်
မှတ်တမ်းသက်ပြင်းချကာ..."မင်း ထမင်းစား ရွှေပုံကမ္ဘာ... "
"ဟင့်အင်း ကျွန်မ မစားချင်ဘူး..."
"ကျစ် ဒီမှာ မင်းကို ငါစားလို့ပြောနေတယ်....!!"
သူ့အော်လိုက်သောကြောင့် ပုံကိုယ်လေး
တုန်တက်သွားရာ မျက်ဝန်းမှ ချက်ချင်း
မျက်ရည်များဝေ့တက်လာတော့သည်။မှတ်တမ်း သက်ပြင်းချကာ ဘေးကအမျိုး
သမီးအား သူမစားဖို့အတွက် လုပ်ပေးရန်
မျက်ရိပ်ပြလ်ိုက်ပြီး သူမမှိတ်မသုန်
သူမမျက်နှာလေးအားကြည့်နေလိုက်သည်။ထိုအချိန် ဘေးက သားဖြစ်သူမှာလဲ
မစားသေးဘဲ သူမကိုသာကြည့်နေသော
ကြောင့် မှတ်တမ်းမျက်ခုံးများပင့်တက်သွားကာ.."ကမ္ဘာ စားတော့ ပြီးရင်အပေါ်ပြန်တက်..."
"ဟုတ်ကဲ့ ပါးပါး..."
ထိုတော့မှ အလုပ်သမား အမျိုးသမီးမှာ
သူမပန်ကန်ထဲ
အရှေ့က ဟင်းများခပ်ထည့်ပေးနေချိန်...
မှတ်တမ်း သေချာကြည့်နေကာ.."ထားခဲ့လိုက် ငါလုပ်မယ်..."
"ဟုတ်ကဲ့ သူဌေး..."
မှတ်တမ်း အင်္ကျီလက်အား တစ်ထောင့်ဆစ်ရောက်အောင် ခေါက်တင်၍ သူမအရှေ့က
ပန်ကန်အားယူကာ ..."မင်း အရင်တုန်းက ထမင်းစားရင်
ကိုယ့်ဘာသာစားတာလား...""ဟုတ်တယ်..."
သူမဆီက ခပ်ပျက်ပျက်အသံလေး
ထွက်လာသောကြောင့် မှတ်တမ်း
ခေါင်းငြိမ့်လိုက်ကာ အသားများအား
ခက်ရင်းနှင့်ဖဲ့လိုက်၍.."ဟ... "
"ဟင်..."
သူ့အပြောကြောင့် ပုံ ကြောင်တောင်တောင်
လေးဖြစ်သွားကာ ရှိနေသလို ဘေးတွင်
ရပ်နေသော အားလုံးသည်လဲ အံ့သြကုန်ကြကာ မြင်နေသော မြင်ကွင်းအား မယုံကြည်န်ိုင်ပေ။