"မင်း ဘာကိစ္စ ငါကို ချိန်းရတာလဲ"
"အဟွန်း ပြောပြရတာပေါ့"
"ခွပ်!!!"
ခွန်းသက္ကရာဇ်ဈာန်ဆိုတဲ့ကောင်လေးက ဘာကြောင့်လဲဆိုတာ မသိဘဲ Bee Clubတွင် ကာရံကို တွေ့ရအောင်ဆိုပြီး ချိန်းတာကြောင့် သူ့ရှိတဲ့ VVIP အခန်းထဲရောက်တော့ ဘာကိစ္စလဲဆိုပြီး မေးပေမယ့် ပြောပြမယ်ဆိုကာ ထိုးခံလိုက်ရတဲ့အတွက် ကာရံ စိတ်တိုသွားရကာ။
"တောက်!!မင်းလိုကောင်မျိုးက ငါ့ကို ဘာကိစ္စထိုးရတာလဲ"
"အဟက်!!ခင်ဗျား လုပ်ထားတဲ့ ကိစ္စ ခငိဗျားသိအောင်လို့"
နက် ပြောလိုက်တော့ သူနဲ့မျက်နှာချင်းဆိုင်က မျက်နှာပျက်သွားတဲ့ တုနှိုင်းကာရံကို ကြည့်၍ မဲ့ပြုံးပြုံးလိုက်မိသည်။
"ခင်ဗျား မျက်နှာပျက်သွားပုံရရင် ခင်ဗျားချက်ချင်း မှတ်မိပုံပဲ"
"ခင်ဗျား အဲ့လောက်ထိ မျက်နှာပျက်စရာမလိုပါဘူး ထိုင်ပါ "
ထိုင်ဖို့ပြောလာတဲ့သူကြောင့် ကာရံ တစ်ဖက်ခုံတွင် ဝင်ထိုင်လိုက်ပေမယ့် စိတ်တော့သိပ်မလုံခြုံလေ၏။ဘာကြောင့်ဆို သူ့သက်ဆိုင်သူနဲ့ပြသာနာတက်အောင် လုပ်မိထားသည့်အပြင် လုယူဖို့အထိ စိတ်ကူးအကြံအစည်ရှိတဲ့လူဖြစ်တာကြောင့် လိပ်ပြာလည်း မလုံ့ပေ။
"ခင်ဗျား သောက်လေ"
စမတ်ကျစွာ အရက်ခွက်ကို ကိုင်ကာ သောက်နေတဲ့ ခွန်းသက္ကရာဇ်ဈာန်က အကောင်းစားအရက်ခွက်ကို ရှေ့ချ၍ ထိုင်နေသော သူကိုပြောလာလေ၏။
"ကျုပ်က အဆိပ်ခတ်ဖို့ ပြောမထားတာကြောင့် ခင်ဗျား သောက်လို့ရပါတယ်"
သူအဆိပ်ခတ်မှကြောက်လို့ ကာရံကို မသောက်ဖူးထင်နေပုံရတဲ့ ခွန်းသက္ကရာဇ်ဈာန်။
"ခင်ဗျားနဲ့ကျုပ် ဆွေးနွေးစရာရှိလို့ ခေါ်တာထပ် ကျုပ် ဘာကြောင့် ခေါ်တယ်ဆိုတာ ခင်ဗျား ပိုသိလိမ့်မယ် တုနှိုင်းကာရံ"
"ခင်ဗျား လွမ်းဟိန်းထက်မှူးကို လက်လျှော့ပါ ဒါက ကျုပ် ခင်ဗျားကို နောက်ဆုံးအကြိမ် ထပ်သတိပေးတာ"
သူ့ကို ပြောနေတဲ့ ကောင်လေးရဲ့မျက်ဝန်းတွေက သူ့အပိုင်ထိတဲ့သူမှန်သမျှကို တစ်ခုခုလုပ်ပစ်လိုက်ဖို့ ဝန်မလေးသလို စူးရဲနေလေ၏။
ŞİMDİ OKUDUĞUN
ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)
Romantizmခွန်းသက္ကရာဇ်စျာန်(ခ)နက် လွမ်းဟိန်းထက်မှူး Started date-19.10.2022 Finished date-10.2.2023