Unicode
.................နောက်တစ်နေ့မနက်ခင်းတွင် ထုံးစံအတိုင်းမျောက်လောင်းလေး ရိပ်ရိပ်က အိမ်ထဲတွင်ပတ်ပြေးနေလေသည်။ အကြောင်းမှာ ကျောင်းဝတ်စုံမှာပါသည့် ဦးထုတ်လေးကိုမဆောင်းချင်လို့တဲ့လေ။
''ညဥ့်ရိပ်မာန်!!!! မင်း ခုချက်ချင်းရပ်လိုက်စမ်း''
''ရပ်ဘူး...ရပ်ဘူး... သားသားဆောင်းချင်ပါဘူးဆိုနေ''
'' မဆောင်းလို့မရဘူးလေ... ဒါလေးဆောင်းလိုက်မှ ပြည့်စုံသွားမှာပေါ့''
''နိုးနိုးနိုး... သားမှအပြာရောင်ကြီးမကြိုက်တာ... အဝါရောင်လေးပြောင်းပေးလေ''
''အဝါကို ဘယ်လိုပြောင်းရမှာတုန်း... ဘယ့်နှယ့် ပေါက်ပေါက်ရှာရှာ... ''
''အဟီး...''
''ဟောဟဲ... တော်ပီ.. ငါဆက်မပြေးနိုင်တော့ဘူး။ အလင်းရေ... မင်းတူကို ကူပြောပါဦး''
''ဟားဟားဟား..... ဝက်ပေါက်ရေ...''
''ဝက် ဟုတ်ပါဘူးဆို''
'' မင်းလေးအဲ့ဦးထုတ်မဆောင်းရင် တကယ်ဝက်ဖြစ်ကုန်မှာနော်''
''ဟမ်... ဟုတ်လို့လား''
''ဒါပေါ့ သူများကလေးလေးတွေလို အတူတူမဝတ်ဘူးဆိုရင်လေ... မြေခွေးကြီးက သတိထားမိသွားပီး အဲ့ဝက်ကလေးကိုဖမ်းစားသွားမှာပေါ့။ မကြောက်ဘူးလား... မြေခွေးကြီးက အစွယ်တွေနဲ့ ဂါးဆိုပီး ကိုက်စားလိုက်မှာ''
'' ဟွန့်... စားရပါဘူး.. သားသားဝတ်မယ်... မြန်မြန်ပေး.. ပါပါး''
''ဟူး... ခုမှပဲ ငါ့သားလေးက ချစ်စရာလေးဖြစ်သွားတော့တယ်။ နေဦး ဓာတ်ပုံလေးရိုက်ထားဦးမှပဲ။ ကြည့်ပါဦးပါးကြီးတွေက ခုပဲကွဲထွက်သွားမလားပဲ''
''ခိခိ... လှလှလေးရိုက်နော် ပါး''
''အမလေး လှပါတယ်ဗျာ...လှပါတယ်''
ဓာတ်ပုံလေးရိုက်ချိန် ပို့စ်ပေးကြမ်းတဲ့ ငတိလေးက အမျိုးစုံကိုလုပ်တော့သည်။ သူ့ကိုယ်သူ စော်ကြည်ဘဲလေးလို ဘာလိုလိုနဲ့ပေါ့။ စော်ကြည်ဘဲဟုတ်လာမလား မဟုတ်လာမလားတော့မသိဘူး။ လောလောဆယ်တော့ ဝက်ဘဲလေးဖြစ်နေပီလေ။
BẠN ĐANG ĐỌC
နှစ်မြွှာအချစ် (Twins' Love) နှစ်မြွှာအချစ် Completed
Lãng mạnUni ..... Pdf file or other ways of making files များဘယ်fileမဆို လုပ်ပြီးဖြန့်ချီခွင့်မပြုပါဘူးနော်။ This is my fourth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢...