"ငါကချည်တော့ မောင်ကရုန်းတယ်
ငါကလွှတ်ပေးပြန်တော့ မောင်ကကပ်တွယ်နေပြန်တယ်
ချည်နှောင်တတ်လိုက်တာမောင်ရယ်"နို့နှစ်ရောင် ဖိတ်စာကဒ်လေးအား ကြည့်ကာ ပါးပြင်ထက်မှစီးဆင်းလာသော မျက်ရည်စများ ...။ဝမ်းသာ၍လား....ဝမ်းနည်း၍လား ကာယကံရှင် ကိုယ်တိုင်သာသိပါလိမ့်မည်။
မောင်ရေ....ငါလေ ဒီနေ့တော့ မင်းရဲ့ချည်နှောင်မှုတွေကနေလွှတ်မြောက်ပြီ။
စီးဆင်းလက်စမျက်ရည်များအား ပုတ်ထုတ်ကာ ကားပေါ်မှဆင်းလာသောသူ။လက်ထဲတွင် အနီရောင်ပန်းစည်းနှင့် ဖိတ်စာကဒ်လေးအား တင်းကျပ်စွာကိုင်ထားလေသည်။
"သားရယ် နောက်ကျလိုက်တာ ပွဲတောင်စခါနီးနေပြီ ကိုးလေးကသားကိုမျှော်နေတာ သွားတွေ့လိုက်ဦး"
"အင်း"
လေးလံသောခြေလှမ်းများနှင့်ရောက်ရှိလာခဲ့သော သတို့သား၏အခန်း။
ဒေါက် ဒေါက် ဒေါက်
"ဝင်လာခဲ့ပါ"
တံခါးဖွင့်ဖွင့်ချင်း ကိုး၏နှာခေါင်းထဲသို့ ဝင်ရောက်လာသော ခပ်သင်းသင်းရေမွှေးနံ့ကြောင့် ဘယ်သူဘယ်ဝါမှန်းအတပ်သိလေပြီ။
အများကြီးလွှမ်းနေခဲ့ရတာ ဒီရနံ့လေးကို...။
"အကို"
ရုတ်တရပ် ရပ်တန့်သွားသောခြေလှမ်းတို့နှင့်အတူ ဆစ်ခနဲနာကျင်သွားသော နှလုံးသားတစ်စုံ။
အင်း....ကြားနေကျဆိုပေမယ့် ကျင့်သားမရသေးပါလား။
"မင်းစောင့်နေတယ်ဆိုလို့ လာတွေ့တာ ခန်းမထဲမှာပဲစောင့်နေတော့မယ်"
"အကို ခဏ..."
"အင်း"
"ကျွန်တော်....ကျွန်တော်"
ဘာစကားမှပြောမထွက်ပါဘဲ မော့ကြည့်လာသူ။ခဏတာဆုံမိသွားသော မျက်ဝန်းနှစ်စုံ။မျှော်လင့်ချက်၊ဝမ်းနည်းရိပ်တွေနှင့် ပြည့်နှက်နေသောမျက်ဝန်း....။
ဟင်း ပြောမထွက်နိုင်တဲ့ စကားလုံးတွေကို ခံနိုင်ရည်မရှိဘူး မောင်။
"မျှော်လင့်ထားတဲ့စကားမဟုတ်ရင် ဘာမှမပြောပါနဲ့၊ဒါက ငါ့ရဲ့လက်ဖွဲ့"
YOU ARE READING
Let us be always (One Shot)
Short StorySpider lily တွေရဲ့ အဓိပ္ပါယ်ကို မောင် သိလား။