Moe yanant thin 080:
လေပြေရှိုက်နမ်းသောမမရဲ့အသက်ရှူသံလေးအပိုင်း(20)
အစကတော့ တော်သင့်ရုံရပ်လိုက်မယ်ဆိုပြီးစိတ်ကူးထားပေမဲ့ သူ့နှုတ်ခမ်းကိုလျှာသေးသေးလေးလာထိတာနဲ့ လျှပ်စစ်ဓာတ်ကူးသွားသလိုတုန်ရီသွားကာ တိုက်ပွဲကလဲပိုပြင်းထန်သွားတော့တယ်
သူမရဲ့အောက်နှုတ်ခမ်းသားလေးများကိုစုပ်ယူနမ်းရှိုက်တယ်
အပေါ်နှုတ်ခမ်းသားများကိုလဲ စုပ်ယူနမ်းရှိုက်ကာ လျှာထွေးထွေးလေးကိုသူ့အနမ်းတွေဖလှယ်နေလိုက်တယ်
သူ့လက်ကသူမလေးရဲ့သွယ်လျလျှခါးလေးကိုကိုင်ထားပြီး သူမရဲ့ကိုယ်သေးသေးလေးကိုသူ့ရင်ခွင်ထဲမှာမြုတ်ဝင်တော့မတတ်ဆွဲဖက်ထားကာ လုံခြုံစေတယ်
အချိန်ကြာသွားတော့မှ သူမကိုလွတ်လိုက်လေတယ်
သူက သူမနဖူးကိုထိထားရင်း အကြည့်ချင်းဖလှယ်ကာ ပြုံးလိုက်ကြတယ်
"ဒီနေ့က ကိုယ့်တို့ရဲ့ပထမဆုံးရက်ပဲနော်"
"အွန်း"
သူက သူမကို ပြွတ်ခနဲမြည်အောင် ထပ်နမ်းလိုက်ပြီး လူချင်းခွာလိုက်ကြတယ်
မုယွမ်ယွမ်လဲ လတ်ဆတ်တဲ့အသားတုံးလေးကို ကြာရှည်စားရဖို့အတွက် အခုတော့လွတ်ထားလိုက်တယ်
လူတွေတွေးသလို သူမက အရမ်းရိုးရှင်းနေတာတော့မဟုတ်ဘူး
သူမက လတ်ဆတ်တဲ့အသားတုံးလေးေတွကိုကြိုက်တယ် ကလပ်ကိုသွားရင်း သူမနဲ့လာညှိတဲ့ကိုလူချောလေးတွေကိုလဲ ဆွဲစားတတ်တယ်
One night stand ပုံစံမျိုးနဲ့သူမထင်တိုင်းကျဲသောင်းခဲ့ပေမဲ့ လက်တွေ့ဘဝမှာတော့ သိတဲ့အတိုင်း သူမက အပျိုဟိုင်းကြီးပါပဲ
သူမ အချစ်ကိုလက်တွေ့မကြုံဖူးခဲ့ဘူး မျက်စိရှေ့မှာမြင်ခဲ့ရတာက အလိမ်အညာတွေချည်းပဲ အထူးသဖြင့် သူမအဖေနဲ့ပတ်သတ်လာရင်ပေါ့ သူမမိသားစုမှာကြုံတွေ့ရတဲ့ကိစ္စတွေကြောင့် သူအချစ်ကိုမလုံးဝမကြုံချင်တော့တာ
ဒါပေမဲ့ ဒီတယောက်ကတော့ကွဲပြားတယ် သူမ အလိုလိုနေရင်းယုံကြည်နေမိတယ်

YOU ARE READING
(Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)
Fantasyသူမက ထက်မြက်ပြီးအချစ်ကိုနားမလည်တဲ့မိန်းကလေးတစ်ယောက် အချစ်ဆိုတာကိုသွေးသားဆန္ဒလို့ပဲနားလည်ထားတဲ့ကောင်မလေးရဲ့ဘဝထဲ ဖြူစင်တဲ့ကောင်လေးတစ်ယောက်ကမထင်မှတ်ပဲဝင်ရောက်လာခဲ့လေတယ် သူမအရင်ကသုံးခဲ့တဲ့နည်းလမ်းတွေက ဘာတခုမှအသုံးမဝင်ပဲ ဖြူစင်မူ့နဲ့ယက်လုပ်ထားတဲ့အချစ်ပ...