<Zawgyi/>
ရုံးခန်းကို မိသားစုတွေ ၊ မိတ်ဆွေတွေ လာရောက်
အားပေးသည် ။ ဖွင့်ပွဲရယ်လည်း မဆိုနိုင်တယ့် ပွဲအသေးစားလေး
တစ်ခုပါ ။Young က ဒီကို နေ့ခင်းတည်းက
သူနဲ့အတူ လိုက်လာခဲ့တာ ။ တကယ်ဆို ပင်ပန်းမှာစိုးလို့
်ဒီကိုမလိုက်တာစေချင်ဘူး ။ လူနည်းနည်းနဲ့ဆိုပေမယ့် လူမရှိတာမှ
မဟုတ်တာ ။ လူတွေကြား ပင်ပန်းမှာ စိုးရိမ်ရတယ် ။ဒါကြောင့် ညနေခင်းကျမှ မိဘတွေနဲ့အတူ
လိုက်လာစေချင်ပေမယ့် Young က အဲ့လိုမလုပ်ချင်တာ
သူသိသည်မို့ မပြောဖြစ်...။Young က တစ်ချိန်လုံး
လူမမာလို့ ဆက်ဆဲခံနေရရင် သိပ်မကြိုက်တတ် ။
ထုတ်မပြောပေမယ့် သူသိတယ်။တစ်ချိန်လုံး Young က
ရုံးခန်းရဲ့ သူ့ရဲ့သီးသန့်အခန်းတွင်းမှာ မိဘတွေနဲ့အတူ ရှိနေပြီး
သူကတော့ အပြင်ဘက်မှာ မိတ်ဆွေအချို့နဲ့
စကားပြောနေခဲ့သည် ။6 နာရီကျော်တော့ Young က
အန်တီတို့နဲ့အတူ ပြန်သွားသည် ။ ဒီနေ့ Young ရဲ့
အဖိုးအဖွားအိမ်သွားရအုံးမည် ဆိုသလားပဲ ။သူမိတ်ဆွေနဲ့ စကားပြောနေမိတုန်း
အထဲကို ဝင်လာတယ့် အစ်မ Jiseon ။
ဧည့်သည်တွေမလာခင်ကတည်းက
ကူညီဖို့ အစောလာမယ်ဆိုပြီး အခုမှ ရောက်လာတယ် ။အပြင်မှာ သူနဲ့ကျန်တာ
အခုစကားပြောနေတယ့် လူသုံးလေးယောက်ရှိပဲတော့တယ် ။
တစ်ချို့မိတ်ဆွေက ဂုဏ်ပြုစကားပြောပြီး
ပြန်သွားကြကုန်ပြီ ။ Seulgi တို့တောင် အလုပ်ကိစ္စပေါ်လာလို့
ပြန်သွားကြပြီ ။အပေါက်ဝမှာရှိနေတယ့် အစ်မ Jiseon ဆီ
ခြေလှမ်းကျဲကျဲဖြင့်သွားကာ ရယ်မော၍ စကားစရန်
့ပြင်တုန်းမှာပဲ အစ်မ Jiseon အနောက်ကနေ
ရောက်လာတယ့်Jane ကြောင့် သူ့ခြေလှမ်းတွေ ရပ်တန့်သွားသည် ။Jane က ဘယ်လိုလုပ် ဒီကိုရောက်လာရသလဲ ။
အတွေးများစွာဖြင့် ရပ်နေမိတော့ အစ်မ Jiseon က
သူရှေ့လျှောက်လာပြီး" အလုပ်ကိစ္စကြောင့် နောက်ကျသွားတာ ။
တိုက်တိုက်ဆိုင်ဆိုင်ပဲဟယ်... လမ်းမှာ Ruby ကားပျက်နေတာ
တွေ့လို့ အတူတူခေါ်လာလိုက်တာ...။
နှစ်ယောက်သား ဟိုတစ်ခေါက်က တွေ့ဖူးတယ် မှတ်လား "