Part 2

8K 662 41
                                    

Unicode

တိတ်ဆိတ်ခြင်း။ ကျွန်တော်နဲ့ သူ့ကြားမှာက တိတ်ဆိတ်ခြင်းဘဲ ရှိနေတာ။

အရင်ကထက် စိမ်းသက်လာတဲ့ ကျွန်တော်တို့နှစ်ယောက်ကြားက ဆက်ဆံရေး။

စကားတွေပြောဖို့လည်း စကားလုံးတွေရှာမရခဲ့သလို ကျွန်တော့်ရဲ့ ထစ်ငေါ့သည့် အသံကြောင့် ဘာအသံမှမထွက်ပေ။

ကိုင်ထားသည့် စာအုပ်လည်း ဖတ်၍မရ။

ကျွန်တော့်စိတ်တွေကို သူကဘဲ စိုးမိုးနေတာ။ 

အခန်းတံခါးကို အကြမ်းပတမ်းဖွင့်ကာ ဝင်လာသည့် သူ။

ကိုင်ထားသည့် စာအုပ်တောင် လွှတ်ကျမိသွားသလို မျက်ဝန်းတွေကပါ မတည်ငြိမ်တော့ဘူး။

ကုတင်တစ်ဖက်ဘေးတွင် သူကမှောက်ယာထိုး လဲအိပ်လာသည်။

တုန်ရီသွားသည့် စိတ်။

တုန်ရီသွားသည့် ကျွန်တော့်ရဲ့ ခနွာကိုယ်။

ကျွန်တော့်ခါးနှင့် သူ့လက်က ထိမိလျက်။ 

သူ့ရဲ့ အနွေးဓာတ်ကို ခံစားမိသည်။

ဆက်ခနဲ ကုတင်ပေါ်ကနေ ထလိုက်တော့ သူက ကြည့်လာသည်။

"အိပ်လေ..."

"Jung...Jungkook ကကော....ဘာ...ဘာလို့"

"အိပ်မပျော်လို့...မင်းအခန်းမှာ အိပ်ရတာက အိပ်ပျော်တယ်...အငယ်တုံးကလည်း အိပ်နေကျဘဲ...အခုမှမဟုတ်ပါဘူး...ပင်ပန်းနေပြီ...မင်းလည်း အိပ်တော့"

နှစ်ယောက်အိပ်ကုတင်ဆိုပင်မဲ့ သူနဲ့အတူဆိုသည့် ဖြစ်ရပ်က ကျွန်တော့်ရင်ဘတ်ထဲမှာ မီးမုန်တိုင်း တိုက်နေသလိုမျိုးဘဲ။

စာအုပ်ကို ဘေးက စဉ်ပေါ်တင်လိုက်ပြီး အလယ်တွင် ဖက်လုံးလေး ခြားလိုက်သည်။

မူမမှန်သည့်  London ရဲ့ ရာသီဥတုကြောင့် ညက အေးစိမ့်နေပြန်တယ်။

စောင်ကို သူ့ရဲ့အပေါ်သို့ လွှမ်းခြုံပေးလိုက်သည်။

ကျွန်တော့်အခန်းထဲမှာ သူ့ရဲ့ အငွေ့အသက်...ကိုယ်သင်းနံ့က လွှမ်းခြုံလာခဲ့ပြန်ပြီ။

ဘေးတစ်ဖက်ကို အသာလေး ဝင်အိပ်လိုက်သည်။

ပြောရရင် ယခုအခြေအနေက ကျွန်တော့်အတွက် သိပ်ကို နေရခက်နေပြန်တယ်။

The Beautiful Silence Of EvilWhere stories live. Discover now