"အစ်ကို"

4 1 0
                                    


-အစ်ကို ...
'ဟုတ်တယ်' ကျွန်တော် သူ့ကိို
'အစ်ကို' လို့ ပဲခေါ်ဖြစ် ခဲ့တာ...
သိပ်ကို နားလည် ရ
ခက်တဲ့ ယောင်္ကျာ်းမျိုးပေါ့...

"သူဘာဖြစ်ချင်တယ် သူဘာလုပ်ချင်တယ်
အစ... ဘာဆို ဘာမှ ကိုပြော မပြခဲ့ဖူးဘူး
ကျွန်တော့ ဆန္ဒသဘော ကိုပဲအမြဲ
လိိုက်လျော ပေးနေခဲ့တာ ...

-ကျွန်တော့ အသက်တစ်လျှောက် မှာ
ကိုယ့်ကို ဒီလို 'သည်းခံ' 'အလိုလိုက်'
အကြိုက်ဆောင် နေပေးမဲ့
လူမျိုး ပေါ်လာလိမ့်မယ်လို့...
တစ်ခါ မှ မတွေးခဲ့ဖူးတာ အမှန်ပဲ...

-ကျွန်တော့ ...
ဘဝ ထဲကို အစ်ကို စပြီး
ဝင်လာ ကတည်းက
နွေးထွေးမှု့ ကော
မိဘတွေဆီက မရရှိ ခဲ့ဖူးတဲ့
မေတ္တာတွေ ပါ
'အစ်ကို'ဆိုသော သူတစ်ဦးသာ
ပေးနိုင်ခဲ့တာ...

-အစ်ကိုက အရမ်းလဲ စွဲဆောင်မှု့ ရှိတာ
သူ့အနား အခြားသူတွေ ဝိုင်းနေလဲ
ကျွန်တော် တစ်ယောက်ကိုပဲ
သည်း"လှုပ် ပေါ့...

"ညီ နေကောင်းရဲ့လား...
ကိုယ်တွေ ပူနေသလိုပဲကွာ"

-မဟုတ်တာ အစ်ကိုရဲ့
ညီ အဆင်ပြေတယ်
အစ်ကို့ ဆီကို နေပူထဲကနေ
အကာကွယ်မပါဘဲ လာတာကိုလို့...

"ညီရယ်...
ဒီလို တစ်ယောက်တည်း...
အပြင်တွေ မသွားပါနဲ့
နေအပူထဲတွေ မထွက်ပါနဲ့လို့
အစ်ကို မမှာထားဘူးလားကွာ..."

-ညီ... အစ်ကို့ ကိုလွမ်းလို့လေ
အစ်ကိုကလေ ညီ့ဆို
အမြဲ နားချဆုံးမဖို့ပဲ စဥ်းစားနေတာ
အစ်ကို မပင်ပန်းဘူးလား...

"ဒီမှာ ညီရဲ့...
ပင်ပန်းတယ်ဆိိုတာ အကြောင်းအမျိုး"
ရှိတာပေါ့
ကိုယ် ဝယ်ချင်တာ
လိုချင်တာတွေ ရှိနေတဲ့ အခါ
ငွေ ရအောင် အလုပ်တွေ
လုပ်ကိုင် နေရတယ်
ဒါပေမဲ့ အဲ့ ငွေက
ကိုယ့်အတွက် လိုသလောက်
မလုံလောက် ဘူးလို့ ထင်ကြရင်
ပိုက်ဆံကို ဆက်တိုးပြီး
ကုန်းရုံး ရှာနေအုံးမှာပဲလေ
ကိုယ် ပင်ပန်းနေတာ
ဘယ်အရာကြောင့် ဘာကြောင့်လို့ရယ်
အကြောင်းပြချက်တွေရှိမနေတော့ဘူး
ညီရဲ့...

အစ်ကိုလဲ ထို့နည်းတူပဲ
ညီက အစ်ကို့ရဲ့
ကိုယ်ပိုင် ဝင်ငွေလေးလိုပဲပေါ့
'ပိုက်ဆံ' ဆိုတာ မသုံးရက်ရင်
ကိုယ့် လက်ထဲမှာ
အချိန် ဘယ်လောက်ကြာ"
သိမ်းဆည်း ထားလို့ ရတယ်လေကွယ်
အခြား မဟုတ်တဲ့ အတွေးမျိုးတော့
အချိန် ကုန်ခံပြီး မတွေးစေချင်ဘူး ညီ..."

"အစ်ကို ညီကို ပွင့်"လင်း"
ဘာပြောစရာ စကားများ ရှိနေသေးသလဲ"

"အစ်ကို...
အစ်ကိုကလား ညီကို
ဘာပြောစေ ချင်သလဲ...
အစ်ကို့ မှာ ညီနဲ့ပတ်သတ်ပြီး
ဘာ လျှိူဝှက်ချက်
အကြောင်းပြချက် တွေမှ
ရှိမနေခဲ့ဘူး ကောင်လေးရဲ့
မင်းသိတဲ့ အစ်ကို့ အကြောင်းတွေဆိုလဲ
အားလုံး အမှန်တရားတွေ အတိုင်းပဲလေ

အစ်ကို ညီ ကို မလိမ်ရက်ဘူး
လိမ်လဲ မလိမ်နိုင်ဘူး
လိမ်ဖို့ညာဖို့လဲ တစ်ခါမှမတွေးခဲ့ဖူးဘူး
"သေချာတာ တစ်ခုကတော့
အစ်ကို ညီတစ်ယောက်ကိုပဲ
မေတ္တာသက်ဝင် နေခဲ့မိတာပါ" တဲ့

အဲ့ဒီ အမျိုးသားပေါ့...
ကျွန်တော့အတွက်
'အဖေ တစ်ယောက်လို'
'အစ်ကို တစ်ယောက်လို'
'သူငယ်ချင်း တစ်ယောက်လို'
မေတ္တာ မျိုးစုံ ပုံစံအမျိုး" နဲ့ နေထိုင်
ပေါင်းသင်း ဆက်ဆံပေးခဲ့တာ
အခုတော့ "ကျွန်တော့ရဲ့
တစ်ဦးတည်းသော တရားဝင်
လင်ယောင်္ကျား ဖြစ်နေလေရဲ့..."

မနက်ခင်းလဲ...
နှစ်ခြိိုက်စွာ အိပ်ပျော်နေတဲ့
ထိုအမျိုးသားရဲ့ မျက်နှာလေးကို
ထိုင်ကြည့်နေရုံနဲ့ ...
ကျွန်တော့ ရဲ့ တစ်မနက်ခင်း အချိန်တွေ
ဘယ်လို ကုန်ဆုံး သွားသလဲဆိုတောင်
မမှတ်မိ ချင်တော့ဘူး...

"ညီ အစ်ကို့ ကိုသိပ်မြတ်နိုးတာပဲ"

အစ်ကိုရဲ့ သေချာတာ တစ်ခုကတော့...

ညီရဲ့ သေချာမှု့ လေးတစ်ခုနဲ့
အတူတူပါပဲ အစ်ကိုရယ်...

Han:'


You've reached the end of published parts.

⏰ Last updated: Jan 29, 2023 ⏰

Add this story to your Library to get notified about new parts!

"တစ်ဦးဆိုင်နာမ်"Where stories live. Discover now