Chapter 6_U

27.4K 1.9K 144
                                    

စောမောင်နှင့် ဟန်လေးတို့လင်ခင်ပွန်းနှစ်ယောက် ရွာသို့ရောက်ရန်အတွက် အချိန် သုံးရက်ကျော်ခန့်ယူလိုက်ရသည်။

စောမောင်က မြင်းကိုညှာတာပြီး လမ်းတွင် မြင်းအတွက် နားချိန် အများအပြားသုံးခဲ့တာကြောင့် သုံးရက်ကြာသွားတာြဖစ်သည်။

လမ်းမှာနားလိုက် သွားလိုက်၊ ညမိုးချုပ်ပါက လမ်းရှိအနီးစပ်ဆုံးရွာတစ်ရွာရွာတွင် ဝင်တည်းလိုက်ဖြင့် အချိန်က ပုံမှန်ထက်ပင် ပိုမိုကြာသွားခဲ့တာဖြစ်သည်။

သို့သော်လည်း မတတ်နိုင်။

မြင်းကိုလည်း ညှာချင်သလို ၊ ဟန်လေး၏ ခန္ဓာကိုယ်ကလည်းနုနယ်တာမို့ အပင်ပန်းအရမ်းမခံစေချင်တာကြောင့်ပင်။

စောမောင်တို့ ရွာကိုရောက်တော့ အရင်ဆုံးစောမောင်က သူ ငယ်စဉ်ကနေခဲ့သည့် ဘုန်းကြီးကျောင်းသို့အရင်သွားသည်။

စောမောင်၏ မြင်းလှည်းလေး ဘုန်းကြီးကျောင်းဝန်းအတွင်းသို့ရောက်တော့ ကပ္ပိယကြီးဦးသာဒင်က တံမြက်စည်းလှည်းနေ၏။

တံမြက်စည်းလှည်းနေသည့် ဦးသာဒင်က ကျောင်းဝန်းအတွင်းသို့ဝင်လာသည့် မြင်းလှည်းကို စူးစမ်းကာ ကြည့်ပြီး မြင်းလှည်းမောင်းနေသည့် စောမောင်ကို တွေ့တော့ အားရဝမ်းသာဖြင့် တံမြက်စည်းကို မန်းကျည်းပင်တွင် ထောင်လိုက်ကာ စောမောင်တို့မြင်းလှည်းဆီသို့ ခပ်သွက်သွက်သွားသည်။

စောမောင်က မြင်းလှည်းပေါ်မှ ဆင်းလာပြီး ဟန်လေးကိုပါ မြင်းလှည်းပေါ်မှ ဆင်းစေသည်။

စောမောင်တို့ အနားသို့ရောက်လာသည့် ကပ္ပိယကြီးက ဝမ်းသာအားရဖြင့်

"စောမောင် အကြောင်းမကြားဘာမကြားနဲ့ ရွာကိုပြန်လာတာလား"

"ဟုတ်တယ် ဦးလေးသာဒင် ... ကျွန်တော်ရွာမှာပြန်ပြီး အခြေချမလို့ ....ဆရာတော်ကို အရင်သွားကန်တော့လိုက်ဦးမယ်"

"အေး အေး သွားသွား ... ကျောင်းပေါ်မှာ သူကြီးတို့လည်းရောက်နေတယ် ... ငါလည်း ဒါလေးလက်စသတ်ပြီးရင် လိုက်ခဲ့မယ်"

စောမောင်၏ အနောက်က ဟန်လေးကို ဦးသာဒင်မြင်သော်လည်း မစပ်စုသေး။

မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)Where stories live. Discover now