𝖣𝖺𝗒𝖽𝗋𝖾𝖺𝗆

999 76 12
                                    


Unicode ver

"မောင်"

အိုဟောင်းခဲ့သောဓာတ်ပြားထက်
စူးမြမြအပ်ငယ်တစ်ချောင်းတင်စေသလို
လွင့်ပျံပါတဲ့ အတိတ်ကတေးသွားငယ်...

မကြားရသည် နှစ်တွေပင်ချီခဲ့ပြီဖြစ်သော်လည်း တစ်ချက်ကလေးတောင်စိမ်းသက်မသွားတဲ့ ခံစားချက်ဟာ ရင်ဘတ်ကိုဆွေးမြည့်စွာ တိုက်ခိုက်ပါလို့ ခြေဖဝါးကသဲနုနုတွေကိုတောင် လေးလံရာအဖြစ် ပြောင်းလဲပစ်နိုင်တဲ့အထိ

"ခရုလေးတွေ ကြည့်ပါဦး"

ပန်းနုရောင်လက်ဖဝါးထက်မှာ
လှပစွာတန်ဆာဆင်တဲ့ ခရုခွံနှစ်လွှာ။

မီးခိုးရောင်ခရုခွံထက် ပုလဲရောင်အခွံက ကပ်တွယ်နေလျက် စွယ်တော်ရွက်လေးလို နှစ်ကိုယ်တစ်ခုဖြစ်နေတဲ့ခရုခွံလေးနှစ်ခုရယ်။

"ထူးဆန်းတယ်မလား
ဒြပ်ထုပဲကျန်တာတောင် တစ်ခုနဲ့တစ်ခုမခွဲကြဘူး"

ကမ်းခတ်တဲ့ရေလှိုင်းတွေက ပင်လယ်ကိုတေးဆိုစေလျက် အနက်ရောင်ဆံနွယ်တွေဟာ ညို့မှိုင်းရာတိမ်ညိုဝယ် လွင့်လူနေတယ်

ဝိုင်းစက်တဲ့မျက်ဝန်းတစ်စုံ။
ကြယ်တာရာတွေထည့်သိမ်းထားသလား အထင်မှားရလောက်အောင် တောက်ပနေတတ်တဲ့မျက်ဝန်းတွေဝယ် သဲသောင်ပြင်ကိုနောက်ခံတည်လျက် ရောင်ပြန်ဟပ်နေတဲ့
မောင့်ပီတာပန်...

"ကိုယ်တို့လည်း ဒီခရုခွံလေးတွေလိုပဲ ဘယ်တော့မှမခွဲကြဘူးနော်"

ဖြူစင်စွာဖွင့်ဟတဲ့စကားလုံးတွေက ကမ်းစပ်ကိုလှပစွာတိုက်စားနေတဲ့ ရေလှိုင်းတွေလိုပဲ

နစ်ဝင်တဲ့သဲနုပြင်ထဲ ဗလာကျင်းတဲ့ခြေဖဝါးတွေကို မြှောက်ပင့်ကာ တစ်လှမ်းချင်းလှမ်းလာတဲ့ မဟူရာနက်။

အနီးကိုရောက်သည့်အခိုက်တန့် လက်ဖဝါးထက်က နှစ်လွှာထပ်နေတဲ့ခရုခွံလေးတွေကို ဆွဲယူပစ်လိုက်ပြီး

*ဂွက်*

ကျိုးပဲ့သွားတဲ့အသံမှာ တစ်ခုဆီကွဲသွားခဲ့တဲ့ ခရုခွံလေးနှစ်ခု..

"မောင်!"

ပုံမှန်ထက်မြင့်တဲ့အသံလှိုင်းတုန်တုန်က ဇင်ယှော်ငှက်ငယ်တို့နဲ့အတူ ငိုကြွေးလိုသလား..

𝖥𝖺𝗋𝖾𝗐𝖾𝗅𝗅, 𝖭𝖾𝗏𝖾𝗋𝗅𝖺𝗇𝖽 (Completed)Where stories live. Discover now