မင်းသန့်ကိုကိုမောင် မောင်နဲ့ စကားပြောပြီး ရှူခင်းတွေကို ကြည့်နေရင်း ပုဆိုး ကျွတ်ကျခါနီး ဖြစ်နေတဲ့ သားရဲ့ ဖရိုဖရဲပုံစံကို မြင်လိုက်ရသည်။
ပုဆိုး ကျွတ်ကျဖို့က တဲတဲလေး ဖြစ်နေတာတောင် ပုဆိုးကို သားက ကိုယ့်ဘာသာပြန်ပြင်မဝတ်သည့်အပြင် ခြေထောက်ကိုဟန်ပါပါချိတ်ထားပြီး လက်ပိုက်ထိုင်နေတဲ့ ချမ်းဆောင်းဟန် ရဲ့ အရှေ့မှာ အကြွေစေ့တွေကို လက်နှစ်ဖက်နဲ့ အပြည့်ကိုင်ရင်း ကျောက်ရုပ်လို မတ်တပ်ရပ်ကာ တတွတ်တွတ် စကားပြောနေတာကြောင့် အားမလို အားမရဖြစ်လာသည်။
ပုဆိုးက ကျွတ်တော့မှာကိုတောင် ပြန် မဝတ်ဘဲ လင်ကို သံတော်ဦး တင်နေတဲ့ မင်းသခင်ခက်ထန်ကို မင်းသန့်ကိုကိုမောင် ဘယ်လိုမှ ကြည့်မရတော့တာကြောင့် မောင်နဲ့ စကားပြောနေတာကို ရပ်လိုက်၏ ။
"Baby... ကိုကို အကြွေစေ့ သွားဝယ်လိုက်ဦးမယ်"
"ဟုတ်"
မင်းသန့်ကိုကိုမောင် မောင့်ရဲ့ ခေါင်းလေးကို ဖွဖွလေး ပုတ်ပြီး သားတို့ ဘက်ကို လျှောက်သွားလိုက်၏ ။
မောင့်အနေနဲ့ မင်းသန့်ကိုကိုမောင် ကို လုံးဝ မသင်္ကာပေ။
မင်းသန့်ကိုကိုမောင်က သူနဲ့သာ စကားပြောနေပေမဲ့ စကားပြောနေတဲ့ တစ်လျှောက်လုံး သားတို့အတွဲကိုပဲ တကြည့်ကြည့်နဲ့ ဖြစ်တဲ့အပြင် အခုလဲ အကြွေစေ့ သွားဝယ်ရင် သားတို့အနားက ဖြတ်လျှောက်ရမှာပင်။
မင်းသန့်ကိုကိုမောင်လို ရိုးရိုးအေးအေးကြီးက သားကို ဆို ရုပ်တည်ကြီး နဲ့ အရမ်းစ နောက်ချင်တာ။
မောင့်စိတ်ထဲ တစ်ခုခု ဖြစ်တော့မယ်ဆိုတာ သိနေပေမဲ့လဲ လွှတ်ပေးလိုက်၏ ။
မောင်ထင်တဲ့ အတိုင်းပါပဲ။ မင်းသန့်ကိုကိုမောင်က မင်းသခင်ခက်ထန်ရဲ့ အနောက်ကနေ လမ်းဖြတ်လျှောက်သွားရင်း မင်းသခင်ခက်ထန်ရဲ့ ပုဆိုးအောက်နားကို ခြေမနဲ့ ညှပ်၍ ပိုကျွတ်ကျအောင် လုပ်လိုက်ရုံ သာမက
မင်းသခင်ခက်ထန်ကိုပါ ချမ်းဆောင်းဟန် ရင်ခွင်ထဲ တွန်းချလိုက်၏ ။ချမ်းဆောင်းဟန်အစက မင်းသခင်ခက်ထန်ကို ရွဲ့ပြီးသာ ဖြေနေပေမဲ့ မင်းသခင်ခက်ထန်ရဲ့ ချစ်ဖို့ကောင်းတဲ့ အပြုအမူလေးတွေကြောင့် အသည်းတယားယားဖြစ်နေတုန်း မင်းသခင်ခက်ထန်ရဲ့အနောက်ကနေ မင်းသန့်ကိုကိုမောင်က မင်းသခင်ခက်ထန်ရဲ့ ပုဆိုးစကို ခြေမနဲ့ ညှပ်ပြီး သူ့ဆီတွန်းချတာကို အကုန်မြင်နေရသည့်အတွက် မင်းသခင်ခက်ထန် ခန္ဓာကိုယ်လေး သူ့အပေါ်ယိုင်ကျလာတာနဲ့ အောက်မပြုတ်ကျအောင် ပေါင်ပေါ်မှာ တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားလိုက်၏ ။

YOU ARE READING
Min Tha Khin Khat Htan {S-2} {Completed}
Romanceချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 🔞🔞 ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ Min Thant Ko Ko Maung {S1} ချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 18+ ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ ကလဲ့စ...