အပိုင်း၄၁(Unicode)

171 3 0
                                    

"အွန်း ရှိတယ် မောင် "

ရှိတယ် မောင် ဆိုတဲ့ စကားလေး 3လုံးက နက် ရဲ့လက်တွေကို ချက်ချင်းအေးစက်စေနိုင်သလို အတွင်းစိတ်ထဲတွင်လည်း မုန်တိုင်းထန်စေနိုင်တယ်ဆိုတာ နက် ကိုယ်တိုင်အသိဆုံးဖြစ်၏။

"မောင် နားထောင်ဖို့ ခံနိုင်ရည်ရှိရဲ့လား"

မောင်ရဲ့ပြောင်းလဲလာတဲ့ပုံစံကို လွမ်း မသိဘဲ နေပါ့မလား။

"အင်း ရတယ် baby "

"မောင် အဆင်မပြေရင် နားမထောင်နဲ့တော့ ငါလည်း မပြောတော့ဘူး"

လက်တွေဖြုတ်ကာ ပေါင်ပေါ်ကနေထဖို့လုပ်တော့ ခါးကနေ ပြန်ဆွဲဖတ်ထားပြီး လွမ်း မောင်ရဲ့ထိုင်နေတာတောင် ခေါင်းတစ်လုံးမြင့်နေသေးတဲ့ မောင်ခေါင်းက လွမ်း ပခုံးပေါ်ခေါင်းမှောက်လာတဲ့ မောင်က အသံတိုးတိုးလေး ထွက်လာသည်။

"လွမ်း နဲ့ ပတ်သက်လာရင် တခြားသူတွေထပ် ပိုပြီး မောင် သိချင်တယ် မောင့်ကလေးလေးဆီကပဲ ကြားချင်တာ မောင့်အသက်လေးဆီကပဲ နားထောင်ချင်တာ"

"မောင် ငါကို ယုံလား"

"ယုံတယ် baby ကို မောင်ကိုယ့်ကိုထပ်မကဘူး ယုံတယ်"

လွမ်း ယုံလား မေးမိတော့ စက္ကန့်တောင်မခြားဘဲ အဖြေပြန်ပေးလာတဲ့ မောင်ကြောင့် ​ပြုံးမိပြန်သည်။

"နားထောင်ချင်တာ သေချာရဲ့လား ပြီးကျ တစ်ဝက်ကျမှ နားမထောင်တော့ဘူးဆိုပြီး ရပ်တန့်ခိုင်းလို့ မရဘူးနော် မောင်"

"အင်း မောင် နားထောင်ချင်တယ်"

လူဆိုးကောင်လေးက ခုထိ ပခုံးပေါ်ကို မှောက်နေတဲ့ခေါင်းလေး မထောင်ဘဲ ပြောနေသည့်အပြင် လွမ်းခါးတွင် ရစ်ပတ်ထားသော လက်တွေကလည်း တင်းကြပ်နေလေရဲ့။

"ဘယ်ကနေ စ ပြောရမလဲ တစ်စုံတစ်ယောက်ကို သဘောကျမိတဲ့ အကြောင်းကနေလား အင်း ဒါမှမဟုတ် အဲ့ကောင်လေးပြောတဲ့ စောင့်ရှောက်စရာမလိုဘူး ဆိုတဲ့ စကားကြောင့် အဖြေပြန်ပေးဖို့လုပ်တဲ့ ကောင်လေး အကြောင်းကနေ ​စရမလား ဒါမှမဟုတ်...."

"လွမ်း"

ပခုံးပေါ်မှောက်ကျနေတဲ့ ခေါင်းလေးက ပြန်မတိလာပြီး လွမ်း ပြောနေသော စကားလုံးတွေကြားထဲကနေ ထွက်ပေါ်လာတဲ့ မောင်ရဲ့အသံ။

ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)Opowieści tętniące życiem. Odkryj je teraz