အပိုင်းနှစ်ဆယ်

186 14 0
                                    


*ေမေမ!ဘယ္လိုလုပ္လိုက္တာလဲ.*

မြေပြင်ပေါ်မှာငြိမ်လျက်သားထိုင်နေတဲ့ကောင်လေးကိုကြည့်လိုက်တော့ပါးဖောင်းဖောင်းလေးထက်မှာလက်သည်းရာလေးကနေရာယူထားသည်။ရီတွက်နေတဲ့ပါးပြင်ကြောင့် မေမေ့ကိုလေသံမာမာနဲ့ပြောလိုက်မိသည်။ပထမဆုံးပါဘဲ။
မေမေ့ကိုဒီလိုလေသံနဲ့ပြောမိတာ။

မျက်ရည်ကြည်တွေဝဲနေတဲ့ကောင်လေးကသူ့ကိုတလှည့်မေမေ့ကိုတလှည့်ကြည့်နေသည်။ထို့ကြောင့် jeonလည်းကောင်လေးကိုဆွဲထူပေးကာ သူ့အနားမှာရပ်စေလိုက်သည်။

*သား....မေမေ့ကိုဘယ်လိုလေသံနဲ့ပြောနေတာလဲ!*

သားငယ်ကလေ သူ(မ)ရဲ့စကားကိုဘယ်သောအခါမှပယ်ရှားခြင်းမရှိခဲ့ဘူး။အခုတော့ ဒီကလေးသာသာကောင်လေးကြောင့်သူ(မ)ကို ပြန်ပြောတယ်တဲ့လား။သမီးMeryလေး လာပြောတုန်းကမယုံခဲ့ဘူး။သားငယ်လေးက ဒီလိုလုပ်ပါ့မလားပေါ့။အခုတော့ တက်တက်စင်အောင်လွဲတော့တာဘဲ။သားငယ်လေးက ချစ်တက်သွားခဲ့ပြီ။နောက်ပြီးယောကျာ်းလေးတယောက်ကိုတဲ့‌လေ။တကယ့်ကို အံ့ဩလွန်းလို့ ပြောစရာစကားတောင်မရှိတော့ဘူး။

*မေမေကရော ဘာလို့ဒီလိုလုပ်တာလဲ.*

*သမီးလေးနဲ့စေ့စပ်ပွဲဖျက်ရလောက်တဲ့အထိ ဖြစ်သွားတော့ မေမေက သားချစ်သူကိုအဆင့်တန်းရှိတဲ့သူလို့ထင်နေတာ။တကမ်းတော့ ကလေးပေါက်စလေးဘဲ.ဟမ်!*

*ကျွန်တော်အသက်ပြည့်ပြီးသားပါ အန်တီ.*

သူ့ကိုကလေးလိုမြင်နေတဲ့ လူကြီးရဲ့မေမေကို ပြန်ပြောလိုက်သည်။ထိုအခါ သူ့ကိုမျက်ထောင့်နီနီနဲ့ကြည့်လာသည်။

*မင်းပါးစပ်က ငါ့ကိုအန်တီလို့မခေါ်နဲ့!ငါ့သားကိုဘယ်လိုမြူစွယ်လိုက်တာလဲ ဟမ်!ယောကျာ်းအချင်းချင်းကြိုက်ရတယ်လို့ ရှက်စရာကောင်းအောင်!*

*မေမေ...ဒါက jiminနဲ့မဆိုင်ဘူး။သားကိုယ်တိုင် ချစ်မိသွားတာ.*

Jeonတို့သားမိရဲ့စကားဝိုင်းထဲကို ဘာတခွန်းမှဝင်မပါဘဲရပ်ကြည့်နေသူကတော့ Meryပါ။သူ(မ)ကပွဲကြည့်သူလေ။တီတီမေက ဒီကောင်လေးကိုအမှတ်ရှိအောင်ဆုံးမပေးလိမ့်မယ်။နောက်ပြီး အဆင့်တန်းရှိအောင်လည်းသင်ပေးလိမ့်မယ်။

Can take My Heart(Completed)Donde viven las historias. Descúbrelo ahora