အပိုင်း(၂၂)
ရန်ကုန်ပြန်ရောက်ပြီး နှစ်ပတ်အကြာ
ခေတ်တစ်ယောက် luggage ထဲကို သူ့ရဲ့အဝတ်အစားနှင့် အခြားအသုံးဆောင်တေကိုသေချာစွာထုတ်ပိုးနေသည်
စိတ်ထဲကလည်း
*လူကြီးကို surprise လုပ်ရမယ် *တွေးရင်းပြုံးလျက် မိက်ကပ် boxကိုဖွင့်လိုက်သည်
ထိုစဉ်
အခန်းတံခါးခေါက်သံကြားလိုက်ရသည်
"ခေတ် အိပ်ပြီလား.."
"မအိပ်သေးဘူးကိုကို ဝင်လာလေ.."
ကိုကိုလေး မဟာပင် ခေတ်ခရီးထွက်မည်ဖြစ်တာကြောင့် ညနက်မှာစိုးလို့လာခြင်းဖြစ်သည်
မဟာအထဲကိုဝင်လာပြီး ညီမဖြစ်သူခုတင်ပေါ်တွင်ထိုင်ကာ
"ညီမလေးကို ကိုကိုပြောစရာရှိလို့"
"မယ် ကိုကိုကညီမလေးကိုတိုးတိုးတိတ်တိတ်လာပြောေနပါ့လား"
"ပုံမှန်အတိုင်းပြောပါကိုကိုရဲ့"
"မရဘူးလေ အခုဟာကညီမလေးကို ကိုကိုမှာစရာရှိလို့.."မဟာတည်ငြိမ်စွာပြောလိုက်တော့ ခေတ်လည်း ပစ္စည်းတေကိုဘေးချထားလိုက်ကာ သေချာစူးစိုက်နားထောင်လိုက်သည်
"ဟုတ်ကဲ့ ကိုကို"
"ညီမလေးနဲ့စွဲညှို့နဲ့ ဘာလိုလိုဖြစ်နေတာ ကိုကိုသိတယ် ညီမလေး.."
ခေတ် အံ့ဩကာ သူ့ပါးစပ်သူလက်ကလေးနှင့်အုပ်လျက်
"ဟမ်.."
"ညီမလေးမလန့်သွားပါနဲ့ ဖေဖေတို့ဒီကိစ္စကို မသိဘူး"
ထိုအခါမှ ခေတိလည်းသက်ပျင်းချနိုင်တော့သည်
"ညီမလေး မန္တလေးကျောင်းမှာစာသင်ဖို့ရွေးချယ်လိုက်တာလဲ ဒါကြောင့်ပဲမလား ."
ခေတ်မျက်လွှာလေးချကာ ခေါင်းလေးငြိမ့်ပြလိုက်သည်
"ညီမလေး ကိုကိုစွဲညှို့အကြောင်းတေကိုတစွန်းတစသိထားတယ် သူအရင်ကလည်း မိန်းကလေးတော်တော်များများနဲ့တွဲဖူးတယ်တဲ့.."
"အင်း....သူထားဖူးတယ်ဆိုတာတော့ခေတ်ကိုပြောပြပါတယ်"
"ပြီးတော့ညီမလေး သူ့ကိုမယုံပါနဲ့ သူတို့ မိသားစုအသိုင်းဝိုင်းက ဒီလိုမျိုးကိုလက်ခံမှာ မဟုတ်ဘူး ပြီးတော့အရာရာကိုငွေနဲ့ပဲဖြေရှင်းတတ်ကြတဲ့လူမျိုးပဲ"
တကယ်တမ်းခေတ်ဒါတေဘာဆိုဘာမှမသိပါ မမညှို့ကိုချစ်တာ တစ်ခုတည်းကလွဲ၍ဘာမှအာရုံလည်းမရှိပါ
ခေတ် မဟာပြောသမျှကို ငြိမ်သက်စွာပဲ ဆက်လက်နားထောင်နေခဲ့သည်
"ကိုကိုက ညီမလေးတို့ချစ်ခြင်းကိုမတားချင်ပါဘူး ဒါမယ့်သူညီမလေးကိုအပျော်ကြံသွားမှာပဲစိုးတာ သူကအရင်ကလည်းအဲ့လိုအကြောင်းလေးတေရှိခဲ့တယ် သူ့နောက်ကွယ်မှာသူ့အဖွားဆိုသူကလည်း အဲ့ကောင်မလေးတေကိုပိုက်ဆံပေးပြီးသူ့မြေးနဲ့လမ်းခွဲခိုင်းနေတာ စွဲညှို့က သူ့အဖွားလက်ခုပ်ထဲကရေ...ညီမလေးရဲ့...ညီမလေးကို ကိုကိုစိတ်မချဘူး မန္တလေးမှာ အစစအရာရာဂရုစိုက်ပါ..."
"ဟုတ်ကဲ့ပါကိုကို.."
"ဖြစ်နိုင်ရင်ဆက်မတွေ့စေချင်ဘူး ညီမလေးရယ် ရန်ကုန်မှာပဲ ကိုကိုတို့နဲ့အတူနေရင်ကောင်းမယ်"
"ခေတ်ကိုခွင့်ပြုပါနော် ကိုကို ခေတ်အခုသွားမှာက တာဝန်ချိန် သုံးလထဲပါ ခေတ်ဘာပဲကြုံလာရ ကြုံလာရခေတ်ရင်ဆိုင်ရဲပါတယ်"
"ဟုတ်ပါပြီ ကိုကိုကတော့ညီမလေးရဲ့ရွေးချယ်မှုကိုဘာမှမပြောချင်ပေမယ့် ဖေဖေနဲ့ကိုကြီးက အယူသီးကြတဲ့သူတေ ညီမလေးတို့သာတကယ်ချစ်ကြရင် ရင်ဆိုင်ရမှာ အများကြီးပဲပတ်ဝန်းကျင်ရယ် အဓိကကဖေဖေနဲ့ကိုကိုကြီးရယ် ဒါကြောင့် သေချာဆုံးဖြတ်ဖို့ကြိုးစားပါ ဒီလမ်းကိုတကယ်ရွေးမှာလားလို့.."
"ဟုတ်ကဲ့ပါကိုကို.."
"ကဲကဲ ညီမလေးအိပ်တော့ မနက်အစော ကားမမှီပဲနေမယ်"ခေတ်ခေါင်းလေးကိုင်ကာ ပြောလိုက်တော့ ခေတ်ခေါင်းလေးငြိမ့်ကာဖြေလိုက်သည်
"ဟုတ်ကဲ့ကိုကို"
.................…
YOU ARE READING
မေတ္တာ 'လွန်'
Roman pour Adolescents'ချစ်ခြင်းမေတ္တာဆိုသည်မှာ ၁၅၀၀အချစ်သာ မဟုတ် ၅၂၈အချစ်လည်း ဖြစ်၏။ ၅၂၈ချစ်ခြင်းနှင့် ၁၅၀၀ ချစ်ခြင်းတို့ အားပြိုင်ကြတဲ့အခါ မေတ္တာ လွန်ဆွဲခြင်း ဖြစ်ပေါ်လာ၏။ တခါတရံ ရွေးချယ်သူတို့အဖို့ အလွန်ခက်ခဲလှသဖြင့် ကြိုးဆွဲသူတို့အပေါ်၌သာ မူတည်လာတတ်၏ သင့်အနေနဲ့တစ်စု...