နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း
တော်တော်လေးကိုကြာခဲ့ပြီးခါမှ ဝတ္ထုလေးတစ်ပုဒ် ဖန်တီးဖြစ်ခဲ့ပါပြီ။
အမှာစာ စရေးတော့မယ်ဆိုတော့နှင်းကြွေအနေနဲ့ပထမဦးဆုံး ရေးသားချင်တဲ့အမှာစာကတော့ ဒီ"နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း"ဆိုတဲ့ဝတ္ထုကို နှင်းကြွေplotချထားတာ တစ်နှစ်ကျော်ပါပြီ ဒီကြားထဲအခြားဝတ္ထုတွေလဲ ဆက်တိုက်ရေးနေပေမဲ့ နှင်းကြွေကိုယ်တိုင်ကသဘောမတွေ့တာနဲ့ပဲ မတင်ဖြစ်လိုက်တာများပါတယ်
နောက်တစ်ခုကဒီဝတ္ထုလေးရဲ့ အပိုင်း(၂)ကို နှင်းကြွေစကားလုံးတွေစီ၊ သေသေချာချာပုံဖော်ပြီးမှ မတော်တဆဖျက်ချမိသွားပါတယ် ဘယ်မှာမှပြန်ရှာလို့လဲမတွေ့လို့ နောက်တစ်ခေါက် အစကနေပြန်ရေးထားရတာပါ အပိုင်း(၂)ကနဲနဲတော့ ပေါ့ပျက်ပျက်ဖြစ်နေနိုင်တာမို့ အဲ့ဒီအတွက်ကြိုပြီးတော့တောင်းပန်ချင်ပါတယ် ပထမတစ်ခါရေးတဲ့ideaက ပြည့်စုံနေပေမဲ့ ပြန်ပြီးအသစ်ရေးထားတာကိုတော့ တကယ်အားမရပါဘူး အချိန်ရရင်တော့ စကားလုံးတွေသေချာပြန်စီပါ့မယ်
အပိုင်း(၂)တစ်ပိုင်းထဲပါ ကျန်တဲ့အပိုင်းတွေအားလုံးကို သေချာစိတ်နှစ်ပြီးရေးထားပါတယ်
"နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း"ဆိုတဲ့ဝတ္ထုကို တစ်ခါဖတ်ဖြစ်ဖူးတယ်၊ ဖတ်ရတာသဘောကျတယ်ဆိုရုံနဲ့တင် နှင်းကြွေအတွက်လုံလောက်ပါပြီ ဒီအမှာစာလေးကိုဖတ်ပြီးပြီဆိုရင်တော့ နှင်းကြွေဖန်တီးထားတဲ့ "နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း"ဆိုတဲ့ ဝတ္ထုလေးကို ဖတ်ကြည့်ပေးကြပါအုံးနော်
............
............
YOU ARE READING
နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း
Romanceဖြူသခင်ဆိုသည့်ကောင်လေးငယ်သည် ××ခုနှစ်၊ဒီဇင်ဘာလ၄ရက်နေ့တွင်သေဆုံးခဲ့ရသည်။သူသေဆုံးချိန်ကသူ့အနားတွင်ထိုသူရှိမနေခဲ့။ ထိုသူမှအိမ်တော်သို့ပြန်ရောက်လာချိန်တွင် ဖြူသခင်၏သေဆုံးနေသည့်ကိုယ်ခန္ဓာမှာရေခဲတိုက်ထဲ သို့သိမ်းဆည်းထားနှင့်ပြီးဖြစ်သည်။ owncreation...နှင်...