အပိုင်း(၂)

168 8 0
                                    

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း

ဒါဘယ်နေရာလဲ...

သူဘယ်ကိုရောက်နေတာလဲ...

ပတ်ဝန်းကျင်သည်မှောင်မိုက်၍နေသည်။

နားထဲတွင်ကြားနေရသည့်တီးတိုးစကားသံများသည်ဝေဝါးစွာဖြင့်။မြင်လွှာအားမှိတ်ချထားသော်လည်းအကြားအာရုံမှရလာသည့်ဆူညံမှုများမှာသူ့အားစိတ်အနှောက်ယှက်ဖြစ်စေသည်။

ဘာတွေဖြစ်နေတာလဲ..အမှန်တကယ်ဆိုရလျှင်သူသေဆုံးသွားခဲ့ပြီမဟုတ်ပါလား..သေဆုံးပြီးနောက်မည်သို့သောနေရာမျိုးအားသူရောက်ရှိလာသနည်း။မည်သည့်အရာများကသူ့အားစောင့်ဆိုနေသနည်း။မြင်လွှာအားဖွင့်ကာရောက်ရာအရပ်ကိုစူးစမ်းချင်ပါသော်လည်းအချည်းနှီးသာ။တစ်စုံတစ်ရာမှသူ့အားတားဆီးထားသည်...ထိုအရာမှာမည်သည်နည်း။

""သခင်လေးကနိုးလာမှာပါနော်...တစ်သက်လုံးဒီလိုဖြစ်သွားမှာတော့မဟုတ်လောက်ပါဘူးနော်""

""အဓိပ္ပါယ်မရှိတာလျှောက်မပြောနဲ့...""

""ဒါပေမဲ့သခင်လေးမေ့မြောနေတာ၃ရက်ရှိပြီလေ မမ""

မိန်းကလေးအသံ...အနားတွင်မိန်းကလေးနှစ်ယောက်စကားပြောနေကြသည်အားသူကြားရသည်။သို့သော်ထိုမိန်းကလေးနှစ်ယောက်၏ရုပ်သွင်အမှန်ကိုသူမသိ။မည်သူဖြစ်သည်အား အတည်ပြုရန်အဖို့လည်းသူ၏အမြင်အာရုံမှာအလုပ်မလုပ်ပေ။

ဖြစ်ပျက်သွားသည်မှာမြန်ဆန်လွန်းသဖြင့်စိတ်အေးအေးထားပြီးတွေးတောနိုင်ရန်အဖို့လဲသူ့ဦးနှောက်ကအလုပ်မလုပ်သေး။သူသည်ဝိဉာဏ်အဖြစ်များပြောင်းလဲသွားခဲ့လေသလား။အကယ်၍များထိုသို့ဖြစ်လာသည်ဆိုပါက အဘယ့်ကြောင့်သူရောက်ရှိနေသည့်ပတ်ဝန်းကျင်အားထိတွေ့နိုင်ရန်အဖို့ခက်ခဲနေရပါသနည်း။

သို့လောသို့လောအတွေးများနေရင်းနှင့်ပင် သူ၏မှိတ်ချထားသည့်မြင်လွှာတစ်စုံမှာရုတ်ချည်းဆိုသလိုဖွင့်လာလေသည်။

""သခင်လေးနိုးလာပြီ...မမ..သခင်လေးနိုးလာပြီ""

""ဘာလုပ်နေတာလဲ ဆရာဝန်သွားခေါ်လေ""

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်းWhere stories live. Discover now