အပိုင်း(၅)

90 6 2
                                    

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း

မနက်ခင်းအချိန်တွင်ဖြစ်သည်။

ဖြူသခင်သည်မနေ့ညအချိန်မုန့်ဈေးပွဲတော်သို့သွားရောက်လည်ပတ်ပြီးချိန်တွင် သည်မနက်ခင်းမှာမူစိတ်ကြည်လင်၍ရှိသည်။ပုံမှန်ဆိုလျှင်သူသည်အိပ်ယာနိုးသည်နှင့်အခန်းတွင်းသာအောင်းနေပြီးအစေခံမလေးပွင့်ဖြူယူလာပေးသည့်မနက်စာကိုစားလေ့ရှိသည်။ယနေ့မနက်ခင်းမှာထိုသို့မဟုတ်။ဖြူသခင်သည်နိုးလာသည်နှင့်အိပ်ယာပေါ်မှထကာမျက်နှာသစ်ပြင်ဆင်ပြီးသည်နှင့်အခန်းထဲမှထွက်လာလေသည်။

မနက်ခင်းလေပြေညှင်းလေးသည်မျက်နှာအားတစ်ချက်ပြေးဖြတ်သွားချိန်တိုင်းချမ်းစိမ့်နေသည့်ခံစားမှုသည်ဆောင်းရာသီရောက်နေပြီဟုပင်အထင်မှားစေနိုင်သည်။

စံအိမ်တစ်ခုလုံးတွင်ဖြူသခင်အနှစ်သက်ဆုံးသောနေရာမှာပန်းခြံဖြစ်ပြီးယခုလည်းဖြူသခင်သည်မနက်ခင်းအငွေ့သက်အားရှူရှိုက်ရန်ပန်းခြံထဲသို့ဦးတည်ကာခြေလှမ်းဝင်လာလေသည်။

""သခင်လေး ဒါကဒီလိုလုပ်ရတာလား""

""ဟုတ်တယ် အဲ့လိုလေးဖြည်းဖြည်းချင်းတူးဆွပေး၊ပြီးရင်ရေလောင်းနော်""

""ဟုတ်ကဲ့ ဒီလိုမဟုတ်လား""

""ဟုတ်တာပေါ့ ခုပဲပြောပြထားတာ ချက်ချင်းလုပ်တက်နေပြီ..တော်တယ်နော်""

""သခင်လေးကသေချာသင်ပြပေးနေတာကို ကျွန်တော်ကဘယ်လိုလုပ် လိုက်မလုပ်တက်ပဲနေပါ့မလဲ""

""ဒါကြောင့်တော်တယ်လို့ချီးကျူးတာလေ ဒါလေးတွေအရင်လုပ်လိုက် ပြီးရင်အခြားဟာလေးတွေဆက်လုပ်ရမယ်""

""ဟုတ်ကဲ့ သခင်လေး""

ဖြူသခင်သည်ပန်းခြံထဲသို့ဝင်လာသော်ဆူညံညံစကားပြောသံအားကြားလိုက်ရသဖြင့်ထိုအသံလာရာသို့နားစွင့်မိသွားလေသည်။

​သူ၏မြင်ကွင်းထက်တွင်လူနှစ်ယောက်ပေါ်လာသည်။
တစ်ယောက်အားသူသိသည်။ထိုသူမှာစံအိမ်တော်၏ဒုတိယသခင်လေးဖြစ်ပြီးကျန်တစ်ယောက်မှာမူအလွန်ငယ်ရွယ်ပြီးအသက်မှာ၁၈နှစ်ဝန်းကျင်သာရှိသေးမည်။နွမ်းပါးပါးဝတ်စုံအားဝတ်ဆင်ထားသည်မှာအိမ်တော်၏အစေခံဖြစ်မည်ဟုယူဆရသည်။

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်းحيث تعيش القصص. اكتشف الآن